မေမေ
ပန်းပွင့်တွေ
အလှဆုံးပွင့်စမ်း
ဘယ်သူတွေ
ဘယ်လိုပန်းပွင့်မျိုးကိုနှစ်သက်ပါစေ
မေမေ့နှုတ်ခမ်းမှာ ပွင့်တဲ့ အပြုံးပန်းပွင့်လို
လှတဲ့ ပန်းတစ်ပွင့်လောက်ရှိရင်
လက်ညိုးထိုးပြပါလား။ ။
အေးစမ်းပါ့ စမ်းရေတွေစမ်းချောင်းလေနား သွားထိုင်မိတာနဲ့
ရင်ကိုအေးမြစေသားလို့ ဆုမတောင်းပဲပြည့်တဲ့သူ
မေမေရဲ့ အေးမြချိုသာတဲ့
စကားသံ၊ အရီ(ရယ်) အပြုံးလေးတွေကို
ယှဉ်နိုင်ခဲ့ရဲ့လား။ ။
အဆင့်အတန်းတွေ
တဖြည်းဖြည်း မြင့်လာတော့
မိုးထိမြင့်တိုက်တွေမှာ ပျော်နေကြတယ်။
ဒါပေမယ့်…
မေမေ့ရဲ့ ဟိုးအောက်ဆုံးက
မျက်ဝန်းနဲ့ ဆောက်ထားတဲ့ တဲအိမ်အိုလေးကို
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့များ
နှိုင်းရက်လေသလဲ။ ။