ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Saturday, January 26, 2013

ဖျာစုတ်တစ်ချက်ပေါ်ကအလွမ်းရင့်ရင့်

ဓနိမိုးအောက်က  တစ်ခြမ်းပဲ့လရောင်ကို
ငေးမောကြည့်ရင်း..........
ထန်းရည်တစ်ကြိုက်   ဆေးပေါလိပ်တစ်ဖွာက
လွမ်းဆွေးခြင်းကိုမခြေဖျက်နိုင် ။     ။
အတူတူသောက်ခဲ့တဲ့ဝိုင်တစ်ခွက်က
အစားထိုးမရတဲ့ပန်းချီတစ်ချက်လို....
အခုတော့  ငါ့ဘေးမှာ
ကွဲရှနေတဲ့ဝိုင်ခွက်  ငါ့ကိုလှောင်ရယ်နေတယ် ။      ။

ဗိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား?????

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော
့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

အင်တာနက်မှရှာဖွေနည်း

ကျွန်တော်တို့ Search Engine များဖြစ်ကြတဲ့ Google,Yahoo,MSN တို့ကို ကောင်းမွန်စွာ မိမိလိုချင်သိချင်တဲ့ အကြောင်းအရာများကို ရှာဖွေတက်ပြီလား..။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့်တစ်နည်း မဟုတ် တစ်နည်းကွန်ပျူတာ ဆိုင်ရာပြသာများနှင့် ကြုံတွေ့ကြရာဝယ် ဖြေရှင်းနိုင်ဖို့ နည်းနာ နိသာယများ၊နောက်ဆုံးပေါ် software products များ၊ဗိုင်းရပ်နှင့် ပတ်သက်သော အကြောင်းအရာများသတင်း အချက်အလက်များကို ရှာဖွေဖို့လိုအပ်လာပါပြီ သင် မည်သည်နည်းနှင့် သင်လိုချင်သော အရာများ အခက်အခဲ များကို ဖြေရှင်းခဲ့ပါသလဲ ....နည်းပညာဆိုင်ရာ မြန်မာဖိုရမ်များ၊ဘလော့များတွင် သွားရောက်မေးမြန်း ခဲ့တာ လား?
နီးစပ်ရာ ကျွမ်းကျင်သူများမှ အကူအညီတောင်းခံ ဖြေရှင်းခဲ့တာလား ?
ဒါမှ မဟုတ် သင်ကိုယ်တိုင် သင့်ပြဿနာ လိုအပ်ချက်များကို ရှာဖွေ ဖြေရှင်းနိုင်ခဲ့တာလား နောက်ဆုံးမေးမြန်းချင်တာ တစ်ခုက သင် Search Engine များကို ထိရောက်စွာအသုံးပြုတက်ပြီလားဆိုတာပါပဲ အောက်ဖော်ပြ အချက်အလက်များက တော့ အင်တာနက်မှ လိုချင်တဲ့ Informations များ ကို ပိုမိုတိကျ ကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း(+) ၊ အနှုတ်(-)၊လက္ခဏာများဖြင့် တွဲဖက်အသုံးပြုပုံ တွေဖြစ်ပါတယ်...။
Search Engine အပေါ်လိုက်ပြီး အနည်းငယ် ကွဲပြားမှု့ ရှိနိုင်ပေမဲ့ Search Engine အများစုမှာ သုံးနိုင်တဲ့ အခြေခံ အကျဆုံး tip များပဲဖြစ်ပါတယ်

Justin Bieber - Believe Album Free Download

Justin Bieber ရဲ့ပရိသတ်များအတွက် Justin Bieber ရဲ့ နောက်ဆုံးထွက်Album ဖြစ်တဲ့ Believe ကို ဒေါင်းလုဒ်ဆွဲယူနိုင်ရန်တင်ပေးလိုက်ပါတယ်ဗျာ . . .။



 


01 - Justin Bieber - All Around The World (feat. Ludacris) mp3
02 - Justin Bieber - Boyfriend mp3
03 - Justin Bieber - As Long As You Love Me (feat. Big Sean) mp3

တပွင့်ပန်း

ပန်းကလေးတွေ 
ဆန်းပေမဲ့ 
ကိုယ့်အတွက်တော့ 
တပွင့်တည်း
 လန်းစေတာပါမေ...။
တစ်ပွင့်ထဲပေမို့
ပိတုန်းတွေ
ဝေမှာစိုး
စိုးထိပ်လို့နေ..........။
မေငဲ့ညှာလျှင်
မောင်သက်သာမှာပေါ့
မေမငဲ့ညှာ
တမင်တကာစိမ်း
ပိတုန်းတွေဆီကို
တိမ်းရင်ဖြင့်
ဝေဒနာတွေ
ရင်မှာသိမ်းလို့ရယ်
ဒီတစ်သက်
ကြိတ်.......
မှိတ်........
လွမ်း.......
ဆွေးလျှက်
နေသွားတာပေါ့........။   

တက်တူး

Thursday, January 24, 2013

Samsung Galaxy Ace S5830 ကို ROOT လုပ်နည်း

ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Ace ကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။ ခုတော့ကျွန်တော် Root လုပ်နည်းနဲ့ ဘာကြောင့် Root လုပ်ရတာလဲဆိုတာကို ရေးပေးသွားပါမယ်။
 Samsung Galaxy Ace S-5830 ကို Root လုပ်နည်း 

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool (Update Post)

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။