ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Sunday, November 11, 2012

ယောင်္ကျားတို့ တတ်အပ်သော အဠာ၇သ(၁၈)ပါး

ကျွန်တော်တို့ ယောက်ကျားလေးတွေတော်တော်များများမေ့နေကြတဲ့အကြောင်းအ၇ာလေးပါ။
(၁) အကြားအမြင်အတက်(သုတိ)
(၂) ဓမ္မသတ်အတက်(သမ္မတိ)
(၃) အေ၇အတွက်နှင့်ဆိုင်သောဂဏန်းအတက်(သချာင်္)
(၄) တံစဉ်၊စူးဆောက်စသောအတက်(ယောဂါ)
(၅) လူတို့ အားဆိုဆုံးမ၇ာသောနီတိကျမ်းအတက်(နီတိ)
(၆) ယာယီယတြာစသောဗျာမရိုဏ်းအတက်(၀ိသေသကာ)
(၇) စောင်းငြင်းကဗျာလင်္ကာအတက်(ဂန္ဓဗ္ပာ)
(၈) လက်ဆက်ချိုးေ၇တွက်၇သောအတက်(ပဏိကာ)
(၉) ဒူးလေး၊လင်းလေးအတက်(ဓနုဘေဒါ)
(၁၀) စကားဟောင်းအတက်(ပု၇ာဏာ)
(၁၁) ဆေးအတက်(တိကိစ္ဆာ)
(၁၂) ၇ယ်ရွှင်မှုအတက်(က္ကုတိဟသ)
(၁၃) ဗေဒင်အတက်(ဇောတိ)
(၁၄) လှည့်ပတ်သောအတက်(မာယာ)
(၁၅) ဆန်းကျမ်းအတက်(ဆန္ဒာတိ)
(၁၆) သံတမန်အတက်(ကေတု)
(၁၇) မန္တန်အတက်(မန္တာ)
(၁၈) သဒ္ဒါ့ကျမ်းအတက်(သဒ္ဒါ)
နိုင်ငံတော် အသစ်၊လူသစ်၊စိတ်သစ် အသစ်အသစ်တို့ ကိုအဠာ၇သ ၁၈ပါး ဖြင့်တည်ဆောက်ကြပါစို့ ။


တက်တူး

ဗိုလ်ချုပ်၏လက်ရေးမူ


ရခိုင်လူမျိုးတွေရဲ့ လာဘ်ကောင်းတွေကိုယူဆောင်လာပေးတယ်လို့ အဓိပ္ပာယ်၇တဲ့ လာဘ်ကောင်းပေးတဲ့ ဗျာလ၇ုပ်ပါ

ရခိုင်လူမျိုးတွေရဲ့ လာဘ်ကောင်းတွေကိုယူဆောင်လာပေးတယ်လို့ အဓိပ္ပာယ်၇တဲ့
လာဘ်ကောင်းပေးတဲ့ ဗျာလ၇ုပ်ပါ
သူ့မှာပါဝင်တဲ့သတ္တ၀ါ(၉)မျိုးက......
ရခိုင် ဗျာလရုပ်တွင် ပါဝင်သော သတ္တ၀ါ ( ၉ ) မျိုး
၁။ ခြင်္သေ့ခါင်းနှင့် လည်ဆံ ခြေလက်များ
၂။ သမင် မျက်လုံး
၃။ ကျား ပါးစပ်
၎။ ကြက်တူရွေး လျှာ
၅။ မြင်း နားရွက်
၆။ ဆင် နှာမောင်း
၇။ ကြံ့ အစွယ်
၈။ ခြူး ကိုယ်
၉။စာမရီ အမြီး
ဤသည်ကား ရခိုင်တို့၏ န၀ရှုပခေါ် ဗျာလ ပုံတည်း။
http://www.facebook.com/photo.php?fbid=192087814261125&set=a.15...


တက်တူး

" မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း "

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ



သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။
 ၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ
 ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။
 (၂) ကုလားပဲ စားပါ
 ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

ဘ၀ နဲ့ ငှက်ပျောပင် ဥပမာ

'' ဘ၀ဟာ ငှက်ပျောပင်လိုပါဘဲ ၊ အထဲမှာ ဘာရှိမလဲဆိုပြီး ပင်စည်က အလွှာတစ်ခုစီကို ဆွဲခွာကြည့် ၊ အလွှာတွေသာကုန်သွားမယ် ၊ ဘာမှ မတွေ့ပါဘူး '' တဲ့ ။ ဒါက တရားစကားဝိုင်းတစ်ခုမှာ ကြားခဲ့ဖူးသောစကားတစ်ခွန်းပါ ။

ထိုစကားဝိုင်းမှ အဖိုးတန်သော တရားစကားများစွာ...
ကို ကျမမေ့ခဲ့ပြီး ထိုစကားကိုသာ ခုထိ မှတ်မိနေလေသည် ။ ဒါကို ကြားခဲ့တဲ့ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ''မှန်လိုက်တာ'' လို့ ချက်ချင်းတွေးမိပါရဲ့ ။ အဲဒီအချိန်ကတည်းက ကျမ ဆွဲခွာခဲ့တဲ့ ငှက်ပျောရွက်အလွှာများမှ မနည်းခဲ့တော့တာလေ ။ တစ်လွှာခွာခဲ့တိုင်း နောက်တစ်လွှာ ပေါ်လာတတ်မှန်းလည်း သတိထားမိတာ ကြာခဲ့ပြီ ။


ဒီငှက်ပျောပင်ဥပမာကို ပေးခဲ့တဲ့ တရားဟောသော သူငယ်ချင်းကလည်း အဲဒီလိုပြောပြီး နောက်တစ်နှစ်လောက်မှာ ဆုံးပါးသွားလေသည် ။ အသက် ၄၄ နှစ်မှာ မထင်မှတ်ဘဲ ကင်ဆာရောဂါ ၀င်သတဲ့ ။ နောက်ဆုံးတရားကို အသက်နဲ့ ရင်းပြီး ပြသွားသလား ဟု တွေးရင်း ကျမ ခပ်ကြောင်ကြောင် ဖြစ်လိုက်သေးသည် ။ ဒါပေမယ့်ငှက်ပျောရွက်လွှာများကိုတော့ ကျမ အခွာမပျက်ပေ ။

ခံစားချက်များရောပြွန်းသော အလုပ်များနဲ့ အဆုံးမဲ့ဘ၀တိုးတက်ရေး ဆိုသည်များကို လုပ်ရင်း ကျမ တမြေရပ်ခြားကို ရောက်လာရသည် ။ ဒါသည်လည်း ငှက်ပျောရွက်များထဲမှ တစ်လွှာသာ ။ အခုတော့ ဒီအလွှာကို ခွာနိုင်ခဲ့ပြီမို့ ထုံးစံအတိုင်း ဘာမှ မရှိမှန်းလည်း သိခဲ့ပြန်သည်......

Monday, November 5, 2012

ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်




ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။

ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။

၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့ မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား (Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။