ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Monday, January 28, 2013

အသဲစားဘုရင်မ

ဖန်ဆင်းရှင်တစ်ယောက်လို
နင်ကအချစ်ကို
ဝေပေးခဲ့တယ်
ပျော်ပျော်ကြီး
နင်လျှောက်လှမ်းမယ့်
ချစ်ခရီးလမ်းမှာ
ကောင်လေးတိုင်းရှဲ့နှလုံးသားကို
ဝေချင်တိုင်းဝေ
ကြွေချင်တိုင်းကြွေ
နင့်နာမည်ကိုငါပေးလိုက်မယ်
အသဲစားဘုရင်မရယ်


တက်တူး

Valentine's Day အတွက် theme for Android

Best Blogger Tips
 

Android မှာ အသုံးပြု့ဖို့အတွက်
Valentine's Day အတွက် theme လှလှလေးပါ

လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းယူသွားလိုက်ပါ

တက်တူး

Saturday, January 26, 2013

မေမေရေ

မေမေ ရေ ...

ရခဲလှတဲ့ လူဘ၀ကြီးကို ကုသိုလ်ကံပါလို့ မေမေ ၀မ်းထဲမှ သန္ဓေတည်ခွင့်ရခဲ့ပြီနော် ...

မေမေ ရေ ...

          အခုလို သန္ဓေတည်ခွင့်ရတာ သား ရဲ့ ရှေးဘ၀ က ကုသိုလ်ကံ ဆိုပေမယ့် ... လူ့လောကထဲကို လူသားတစ်ယောက် အဖြစ် မွေးဖွား လာဖို့ အတွက်တော့ မေမေ က အစွမ်းကုန် တာဝန် ကျေခဲ့တယ်နော် ... မေမေ့ ကျေးဇူး ဆိုတာကို သား မေမေ့ဝမ်းတွင်း မှာ ရှိစဉ်ကတည်းက ခံစားရတာပါ မေမေရယ် ....။

မေမေ ရေ ...

          လူသား တစ်ယောက် အဖြစ် မမွေးဖွားလာခင် လူသား တစ်ယောက် အဖြစ် ပုံဖော်ပေးခဲ့တာ က မေမေ ပါ ...။ ကိုယ်တိုင် အစာရယူနိုင်ခြင်း မရှိတော့ မေမေ့ ရဲ့ အသွေးသား ထဲကပဲ သားအတွက် ဖဲ့ယူခဲ့ရတယ် ...။ မေမေ က ဘာမှ မငြိုငြင်ဘူးနော် ..။ ဒီလိုမျိုး သားအတွက် ပေးဆပ်နေရတာကိုက မေမေ့ ဘ၀ လို့ ခံယူထားတာ သားနားလည်မိပါတယ် မေမေ ...။ သားက မေမေ ဆီက အာဟာရတွေ ယူသုံးရုံတင် မဟုတ်ဘူးနော် ... သား ကိုယ်ထဲက ထွက်တဲ့ ဇီဝဖွဲ့စည်းမှုက ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကိုလည်း မေမေ့ ၀မ်းထဲကိုပဲ သားစွန့်ပစ်ရတယ် ...။ အားနာလိုက်တာ မေမေ ရယ် ...။ ဒါပေမယ့် မေမေက အပြုံမပျက်ဘူးနော် ...။ မေမေ့ မေတ္တာနဲ့ မေမေ့ အကြင်နာတွေကတော့ တကယ့်ကို အနိုင်းမဲ့ပါပဲ မေမေ ...။
     
          ဒါတင် ဘယ်က ပါဦးမလား မေမေရယ် ...။ မေမေ က မေမေ့ ၀မ်းထဲမှာ သားကို လွယ်ထားရပြီ ဆိုတာ သိသိ ရချင်းကတည်း က မေမေ့ ဘ၀ က တဆစ်ချိုး ပြောင်းသွားရသလိုပဲနော် ...။ အရင်က မေမေ ကြိုက်ခဲ့ဖူးတဲ့ အပူအစပ် တွေ ... သား တစ်ယောက်တည်း အတွက်နဲ့ပဲ မေမေ စားချင်ပါလျှက်နဲ့ ခေါင်းယမ်း ခဲ့တယ် ...။ သားအတွက် အားရှိစေနိုင်လောက်မှာတွေကိုပဲ မေမေ ရွေးပြီး စားခဲ့တယ် ...။ အစား အသောက်မှ မဟုတ်ပါဘူး မေမေ ရယ် ..။ မေမေ အနေနဲ့ အသွားအလာ အနေအထိုင်အစစ အရာရာ မေမေ ဆင်ခြင်ခဲ့ရတာပဲ ...။ ဒီလိုဆိုရင် ငါ့ သားလေး ကို ထိခိုက်သွားမလား ...။ ဒါလုပ်လိုက်ရင် ငါ့သားလေးများ တစ်ခုခု ဖြစ်သွားမလား ...။ ဒါလေး စားလိုက်ရင် ငါ့သားလေး အားဖြစ်သွားနိင်မလား ဒါမှ မဟုတ် ဒုက္ခ ရောက်သွားနိုင်မလား ...။ ဒီလို အတွေးတွေက မေမေ ရဲ့ ခေါင်းထဲမှာ အမြဲ လွှမ်းမိုးနေမယ် ဆိုတာ သား နားလည်မိပါတယ် မေမေ ...။

အမေ့ရဲ့ အဘိဓမ္မာ

မုနိမြတ်စွာ
ခုနှစ်ဝါမြောက်
သံသရာတစ်လျှောက်
မက်လောက်တဲ့ဂုဏ်ရှင်
အဘိဓမ္မာဥာဏ်စဉ်ပေးဘို့
သခင်ရွေးတော်မူခဲ့......။
စိန်ရွှေရတနာ
နန်းရာဇာနှင့်
ကညာယသော်
သားတော်ရာဟု
ပါရမီပြုဘက်
ဆက်နွယ်ရှက်လည်း
အသက်နှီးလို့
ဘ၀ကိုပြီးစေတာ
လောကမှာ အမေပါဘဲ.......။
ကြီးမြတ်ပါပေတယ်
ထိုက်လည်း ထိုက်တန်ပါပေတယ်
အမေ့အသက် (၇)ရက်
ချက်ဘယ်သို့သိုသို
ပါးကွက်မည်သို့စိုစို
အပိုတွေမတွေးဘူး
အို...အမေရယ်ကျေးဇူးပါဘဲတဲ့......။
နို့တိုက်မှအမေ
ထွေးပိုက်မှအမေ
ပညာပေးမှအမေ
အကြင်နာပေးမှအမေ
အမေသရုပ်အစားစား
ခေတ်ကာလသားသ္မီးများ
တကယ်နားလည်ထားရမှာက
အမေဟာ အမေပါဘဲ........။
                                              အမေ့နေ့ကို ဂုဏ်ပြုလျှက်

တက်တူး

G-talk

ရိုးသားလှတဲ့. G-talk ဆိုတဲ့ဆိုဒ်ကလေးမှာတွေ့ဆုံခွင့်ရတာကျေးဇူး
တင်ပါတယ်။နင်နဲ့ဆုံတွေ့ခွင့်ရတဲ့အချိန်ကိုလဲပြန်လည်တမ်းတမိပါတယ်
Hi ဆိုပြီးမနက်တိုင်းညတိုင်း G-talk ထဲကနေနုတ်ဆက်နေကျချစ်သူရေ
Chatting ထဲကနေတိတ်တိတ်ကလေးခိုးကြည့်မိနေတုံးအပြုံးလေးတချက်
ကြောင့်အပျော်လွန်ရောင်ငမ်းမိလို့လက်ထဲက mouse လေးကို
Double click နိပ်မိတယ်။နင်ဖွင့်ထားတဲ့ G mail. ကဘယ်သူနဲ့အေးအေး
ဆေးဆေးပြောနေလဲဆိုတဲ့မနာလိုစိတ်ဝင်မိတယ်
တကယ်တော့တို့နစ်ဦးဟာတစ်ယောက်နဲ့တစ်ယောက်မသိကြမမြင်ဘူး
ကြပေမယ့်နုတ်ဆက်တဲ့အချိန်တိုင်းဟာရင်ခုံသံတွေပါနေတာကိုမြင်တွေ့ရတယ်
တခါတလေအချစ်ဆိုတာမျိုသိမ့်ရင်းနဲ့ဘဲသေဆုံးသွားတက်ကြတယ်

ဖျာစုတ်တစ်ချက်ပေါ်ကအလွမ်းရင့်ရင့်

ဓနိမိုးအောက်က  တစ်ခြမ်းပဲ့လရောင်ကို
ငေးမောကြည့်ရင်း..........
ထန်းရည်တစ်ကြိုက်   ဆေးပေါလိပ်တစ်ဖွာက
လွမ်းဆွေးခြင်းကိုမခြေဖျက်နိုင် ။     ။
အတူတူသောက်ခဲ့တဲ့ဝိုင်တစ်ခွက်က
အစားထိုးမရတဲ့ပန်းချီတစ်ချက်လို....
အခုတော့  ငါ့ဘေးမှာ
ကွဲရှနေတဲ့ဝိုင်ခွက်  ငါ့ကိုလှောင်ရယ်နေတယ် ။      ။

ဗိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား?????

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော
့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်