ဓနိမိုးအောက်က တစ်ခြမ်းပဲ့လရောင်ကို
ငေးမောကြည့်ရင်း..........
ထန်းရည်တစ်ကြိုက် ဆေးပေါလိပ်တစ်ဖွာက
လွမ်းဆွေးခြင်းကိုမခြေဖျက်နိုင် ။ ။
အတူတူသောက်ခဲ့တဲ့ဝိုင်တစ်ခွက်က
အစားထိုးမရတဲ့ပန်းချီတစ်ချက်လို....
အခုတော့ ငါ့ဘေးမှာ
ကွဲရှနေတဲ့ဝိုင်ခွက် ငါ့ကိုလှောင်ရယ်နေတယ် ။ ။
မျက်ရည်တွေကလည်း နေခလို့ ကြွေမကျနိုင်
အေးစိမ့်တဲ့ညကိုအန်တုဖို့ ချုပ်ရိုးတစ်ရာနဲ့ ပုဆိုးတိုရယ်က
ငါ့အဖော်ပေါ့ ။ ။
ငိုခဲ့ပါတယ်
ကျစရာမျက်ရည်လည်းမကျန်အောင်
မင်းအရှေ့ မှောက်ကထွက်ခွာသွားချိန်ထိ
မင်းရယ်သံတွေကြားချိန်ထိပေါ့ ။ ။
အခုတော့!
ဆေးလိပ်လည်းတိုနေလည်းကြိုလို့ 
ငါ့ကိုနားခွင့်ပေးပါတော့........
တက်တူး
ငေးမောကြည့်ရင်း..........
ထန်းရည်တစ်ကြိုက် ဆေးပေါလိပ်တစ်ဖွာက
လွမ်းဆွေးခြင်းကိုမခြေဖျက်နိုင် ။ ။
အတူတူသောက်ခဲ့တဲ့ဝိုင်တစ်ခွက်က
အစားထိုးမရတဲ့ပန်းချီတစ်ချက်လို....
အခုတော့ ငါ့ဘေးမှာ
ကွဲရှနေတဲ့ဝိုင်ခွက် ငါ့ကိုလှောင်ရယ်နေတယ် ။ ။
မျက်ရည်တွေကလည်း နေခလို့ ကြွေမကျနိုင်
အေးစိမ့်တဲ့ညကိုအန်တုဖို့ ချုပ်ရိုးတစ်ရာနဲ့ ပုဆိုးတိုရယ်က
ငါ့အဖော်ပေါ့ ။ ။
ငိုခဲ့ပါတယ်
ကျစရာမျက်ရည်လည်းမကျန်အောင်
မင်းအရှေ့ မှောက်ကထွက်ခွာသွားချိန်ထိ
မင်းရယ်သံတွေကြားချိန်ထိပေါ့ ။ ။
အခုတော့!
ဆေးလိပ်လည်းတိုနေလည်းကြိုလို့ 
ငါ့ကိုနားခွင့်ပေးပါတော့........
တက်တူး
No comments:
Post a Comment