ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Monday, February 11, 2013

Photoshop မသုံးပဲ ပုံလေးတွေ ပြင်ရအောင်

သူငယ်ချင်းတို့ရေ ဒီဆိုဒ်လေးကို သိပြီးသားသူများမယ်လို့ထင်ပါတယ် မသိသေးတယ်သူတွေ အတွက်ပါနော် တကယ်အသုံးဝင်တဲ့ဆိုဒ်လေးမို့တင်ပေးရခြင်းပါ ကျွန်တော်သုံးနေတာတော့ အတော်ကြာသွားပါပြီ သူကတော့ www.pizap.com ဖြစ်ပါတယ် ဒီဆိုဒ်လေးမှာပုံတွေကိုယ်ပိုင် background လေးတွေပြောင်းလို့ရသလို ပုံလှလှလေးတွေပြင်လို့လဲရပါတယ် မသိသေးတဲ့သူတွေအတွက်သုံးနည်းလေးပြောပြပါမယ် အရင်ဆုံး ဆိုဒ်လေးထဲကိုဝင်လိုက်နော် ပြီးရင် piZap – fun photo editor, free photo effects editor, collages, facebook …ဒီစာတန်းလေးကိုကလစ်လိုက်ပါ နောက်window တစ်ခုနဲ့ edit လုပ်ဖို့အသင့်ဖြစ်နေပါပြီ အဲ့မှာ စာလုံးအစိမ်းလေးနဲ့ start ဆိုတာလေးမှာဝင်လိုက်ပါ ဝင်ပြီးရင် edit a photo ကိုရွေးလိုက်ပါနော် ရွေးပြီးရင် upload ပေါ်လာပါမယ် ပေါ်လာရင် သူငယ်ချင်းတို့နောက်ခံထားမဲ့ background အရင်ရွေးလိုက်ပါ ကျွန်တော်ကတော့
ပန်းလေးတွေကိုချစ်တတ်သူမို့ ပန်းလေးတွေများများပါတဲ့ background တစ်ခုရွေးလိုက်မယ်နော် အောက်မှာပြထားတဲ့ပုံလေးအတိုင်းရောက်လာပါလိမ့်မယ်
ကဲ ရောက်လာပြီဆိုတော့ သူငယ်ချင်းတို့ရဲ့ပုံလေးတွေဖြတ်ထည့် လို့ရပါပြီ ဖြတ်ထည့်ဖို့အတွက် အထက်မှာပါတဲ့ Add Cutout ကိုကလစ်လိုက်ပါကလစ်လိုက်ရင် နောက်ထပ် upload တစ်ခုထက်ကျလာပါလိမ့်မယ် အဲ့ဒီမှာသူငယ်ချင်းတို့ဖြတ်ထည့်ချင်တဲ့ပုံလေးကိုရွေးလိုက်ပါ

ရွေးပြီးရင် အောက်မှာပြထားသလိုဖြတ်ဖို့အဆင်သင့်ဖြစ်နေတာလေးရောက်လာမှာပါကဲစဖြတ်ကြမယ်နော် ခုပေါ်နေတဲ့အစိမ်းရောင်လေးနဲ့  လိုချင်တဲ့နေရာလေးတွေကို ဆေးဆိုးပေးရမှာပါ လိုချင်တဲ့နေရာလေးတွေ ထက်ပိုသွားရင် ဘေးမှာ Eraser ကိုကလစ်ပြီး ဖျက်လို့ရပါတယ် ထပ်ဆိုးချင်တယ်ဆိုရင်တော့ paint ကိုပြန်ကလစ်ပေါ့နော် လိုအပ်တဲ့နေရာလေးတွေဆေးဆိုးလို့ပြီးပြီဆိုရင် ညာဘက်ဘေးက အကွက်ထဲက finish ဆိုတာလေးကိုကလစ်လိုက်ပါ ဒါဆိုရင် သူငယ်ချင်းတို့ဖြတ်ထားတဲ့ပုံလေးဟာ အရင်ထည့်ထားတဲ့ background လေးပေါ်မှာ အဆင်သင့်နေရာယူနေမှာပါ
ဖြတ်ပြီးအဆင်သင့်ဖြစ်နေသောပုံနားလည်လောက်ပါတယ်နော် ပုံက၅ ပုံပဲထည့်လို့ရတာဆိုတော့ သိပ်ရှင်းအောင်ထည့်မပေးနိုင်တာတော့ ခွင့်လွှတ်ကြပါနော် တကယ်လို့ ပုံလေးကို အရိပ်ကလေးလို ဖြစ်စေချင်တယ်ဆိုရင် တော့ ဘယ်ဘက်အောက်ကထောင့်လေးမှာ Fade ဆိုတာလေးကိုအတင်အလျှော့လုပ်လို့ရပါတယ် ဒါကfade လေးဖြစ်ပါတယ် ကလစ်ပြီး အထက်ကိုတင်ရင် ပုံလေးကဝါးသွားမှာပါ လုပ်ကြည့်နော်ခုလိုလေးပေါ့တခြားအလှပဆင်ချင်တယ်ဆိုရင်တော့ ခုအနီဝိုင်းပြထားတာလေးကိုဝင်လိုက်ပါ အဲ့ဒီထဲမှာ မြှားနတ်မောင်ပုံလေးတွေရောဘာတွေရော အစုံပါပါတယ် ကိုယ်တိုင်မြက်ခင်လေးတွေလဲ စိုက်လို့ရပါတယ် ပုံခိုးထည့်တာများနေလို့ ဒီလောက်ပဲနော် ပုံတွေတော့ ထပ်မထည့်ပေးတော့ဘူး သူငယ်ချင်းတို့ပျော်ရွှင်ကြပါစေ..။

 http://torresmc.wordpress.com/ မှကူးယူပြန်လည်မျှသည်..။

တက်တူး

No comments:

Post a Comment