“ ကမ္ဘာဖျက်လက်နက်ကြီးနှစ်ခု ”
•••••••••••••••••••••••••••••
[www.facebook.com/youngbuddhistassociation.mm]
လောဘ ဒေါသ မောဟ မာန စတဲ့ ကိလေသာဆယ်ပါးရဲ့
ခေါင်းဆောင်ဟာ -
- “ အဟီရိက ”လို့ခေါ်တဲ့ အမှန်ကို အမှန်အတိုင်း
မသိတော့လို့ မရှက်မရွံ့နဲ့ မည်းညစ်စေတဲ့ သဘောရယ်၊
- “ အနောတပ္ပ”လို့ခေါ် တဲ့ မကြောက်မလန့်နဲ့ မည်းညစ်စေ
တတ်တဲ့သဘောရယ်..အဲဒီ မရှက်ခြင်းမကြောက်ခြင်းဟာ
ကိလေသာ ဆယ်ပါးရဲ့ ပဲခူးဆားပဲ။
ကမ္ဘာလောကကိုအကျည်းတန်အောင်လုပ်နေတဲ့ကမ္ဘာဖျက်
လက်နက်ကြီး နှစ်ခုပဲ။ လောကကြီးမှာ ဖြစ်ပွားပြီး၊
ဖြစ်ပွားဆဲ၊ ဖြစ်ပွားအံ့သော ဒုစရိုက်မှန်သမျှ အဲဒီမရှက်ခြင်း၊
မကြောက်ခြင်းရဲ့ လက်ချက်တွေချည်းပဲ။
- လူ လူချင်း၊ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း၊ တိုင်းပြည်
အချင်းချင်း ကျူးကျော်ဖျက်ဆီးမှု မှန်သမျှ -
“ မရှက်ခြင်း,မကြောက်ခြင်း” သာ တရားခံအစစ်ဖြစ်တယ်။
မရှက်ခြင်း မကြောက်ခြင်းတရားနှစ်ပါးဟာ မုန်းငြိုးပြစ်မှား
အာဃာတထားတဲ့ သတ္တ၀ါတွေမှာ၊ ကိလေသာ အစားစား
ဝင်ပူးခံနေရတဲ့ သတ္တ၀ါတွေအပေါ်မှာ ခေါင်းဆောင်လုပ်ပြီး
ကမ္ဘာလောကကို ဖျက်ဆီး နေကြတယ်။
- (ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association

No comments:
Post a Comment