ပြင်သစ်ရောက်ရွာတောလေးကို နင်မေ့သွားတယ်…
ညည ငါ့မယ်ဒလင်လည်းကီးတွေကြောင်ပေါ့။ ။
ငေးငိုင်စွာ ကုက္ကိုပင်အောက်
ပြန်မရောက်တဲ့ နင့်အတွက်
လေးလံစွာ ကဗ္ဗည်းထိုးခဲ့တယ်။ ။
တကောက်ဖာလေး ခေါင်းပေါ်ရွက်
နင်မြို့ပေါ်တက်သွားတာ
အတော်ကြာရော့နော်။ ။
ကြုံလေအုံးပေါ့ ကံဆိုတာရယ်
ရွာဦး ဘုန်းဘုန်းကောင်းမှုတွေကြောင့်
ပျို့မောင်ကြီးတစ်ယောက်
မြို့ရောက်ပါဘိ။ ။
အမယ်လေး…
ရောင်စုံတွေများ လူတွေကြားထဲ
ဘာတဲ့ အကြော်စုံရမယ် အကြော်စုံ အကြော်စုံ
မယ်မ ရယ်။ ။
နင်ပြောတော့ ပြင်သစ်ဆို
ခုမှပဲ နားလည်တော့တယ်
အကြော်စုံကို ပြောတာကိုး။ ။
ကိုရွာသား အတွက် အမှတ်တရလက်ဆောင် ကဗျာလေးပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်ထားခြင်း မဟုတ်ပါ။
ကဗျာဆရာနဲ့ သူ့ကောင်မလေး
ဆံပင်တွေကောက်
မြွေလို လျှောက်ရင်း…
အစားလည်းပုတ်
အတင်းကခုတ်…
ငါက ဘောပန်ဆို
မင်းက စာရွက်ဖြစ်ရာမှာ
ငါစာရေးရင်
မင်းက ငါ့ရဲ့ ဇာတ်ကောင်ပေါ့…
ခုတော့လေ…
ကိုယ်ကျိုးနည်း
ဖြစ်လိုက်မှဖြင့်
အရာရာနဲ့ အကြောင်းကြောင်း
လုပ်လိုက်မှဖြင့်
အားလုံးကိုလွဲရော…
ကယ်ကြပါအုံးဗျာ…
ကဗျာရေးနေပါတယ်ဆိုမှ
မော်ဒယ် လာလျှောက်ပြနေတယ်…
စိတ်ကူးရင်နေမှပဲ
ပါးစပ်ပ
လုတ်ပလောင်းနဲ့
အတင်းလာခုတ်နေရော….
ကယ်ကြပါအုံးဗျာ။
စိတ်ကူးယဉ်ပြီး ရေးတာပါ… အဲ့လိုမျိုး ကောင်မလေးတစ်ယောက်လောက်ပဲ ရှိရင်ကို ကဗျာဆရာလေး ပျော်နေပါပီဗျာ။
ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်သိမ်းပိုင်း
ဆိုပါစို့…
ထိပ်ပြောင် ဆီရွှဲ
ရွှေပိုးတွဲနဲ့၊
အခါတော်ပေးထက် ယဉ်သူကမင်း။ ရွှေလက်တွဲလို့ (အမယ်…ထိပ်ရွှဲက ခလုတ်တိုက်လှဲကျတာတောင် ပျော်လို့)
မရှက်ဘူးဗျာ။
ရင်ခုန်သံ တစ်ဒုန်းဒုန်းနဲ့
ခန်းမတစ်ခုလုံး ဟီးလို့။
လှိုက်လှဲတဲ့ အပြုံးတွေ၊
လှောင်ပြုံးတွေက
တစ်ဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာ အပြည့်။
မယ်… မောနေပါရော့လားလို့
ချွေးသုတ်၊ ရေတိုက်နေတဲ့
ထိပ်ရွှဲတော့ ဇမ္ဗူတစ်ခွင်မှာ
ကံ အကောင်းဆုံးလူ ဖြစ်ပြီပေါ့။
ပြီးပါပြီ
တက်တူး
No comments:
Post a Comment