ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Sunday, November 4, 2012

စကားပုံလေး(၃)ခုပါ

ကံမရှိ ဥာဏ်ရှိတိုင်းမွဲ

 

ကံ-ဟူသည် ကမ္မဟူသော ပါဠိပုဒ်မှဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း ဟုအဓိပ္ပါယ်ရသည်။ ပြုလုပ်သူ၏ကောင်းမကောင်းသော စေ့ဆော်မှူစိတ်စေတနာပင်ဖြစ်သည်။သို့ဖြစ်၍ လောက၌ စေတနာကောင်းသည် မကောင်းဟု ပြောဆိုရာ၌ ထိုပြုလုပ်မှူကံကိုပင် ညွန်းဆိုကြခြင်းဖြစ်ရာ ပုဂ္ဂိုလ်တစ်ယောက်၏မြင့်မြတ်ကောင်းမွန်သော ဆောင်ရွက်မှူ၊ ယုတ်မာနိမ့်ကျသော ပြုမှူဆောင်ရွက်မှူတို့ကို ခွဲခြားသတ်မှတ်ခြင်းဖြစ်သည်ဟု သိမြင်နိုင်သည်။ထိုပြုလုပ်အပ်သော စေတနာခေါ်ကံသည် အတိတ်ဘ၀လူဖြစ်စဉ်က ပြုလုပ်ခဲ့သောကံ (ကုသိုလ်၊အကုသိုလ်)နှင့်ယခုဘ၀ပြုလုပ်နေသောကံဟူ၍ရှိရာ “ကံမရှိ”ဟူသောပုဒ်အရ ယခုဘ၀ပြုလုပ်နေသော ကောင်းမှူကံအလုပ်ကိုမဆိုလို။အတိတ်ဘ၀ကပြုလုပ်ခဲ့သော ကောင်းမှူကံမရှိခြင်းကိုဆိုလိုပါသည်။

ဥာဏ်ရှိတိုင်းမွဲ-ဟူသည် အသိဥာဏ်ပညာ အမြော်အမြင်၊ဗဟုသုတ ပြည့်ဝစွာဖြင့် မည်သို့လုပ်ဆောင်လျှင်၊ကုန်သွယ်ရောင်းဝယ်ဖောက်ကားလျှင်၊တီထွင်ဆန်းသစ်လုပ်ကိုင်လျှင်၊ မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်လျှင် ကြီးပွားချမ်းသာနိုင်၏။ အဆင်ပြေချောမွေ့နိုင်၏။ ဆုံးရှုံးပျက်စီးမှူမဖြစ်နိုင်ဟု ယူဆပြီးကြီးပွားချမ်းသာမှူ ရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြံစည်လုပ်ဆောင်ပါသော်လည်း တစ်နည်းနည်းဖြင့် ဆုံးရှု့းံမှူနှင့်ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပြီး အောင်မြင်ကြီးပွားမှူမရခြင်းသဘောကို ဥာဏ်ရှိတိုင်းမွဲဟု ဆိုလိုပါသည်။
 
 
 
 

ခြိမ်းလွန်းသည့် မိုး မရွာ

 

   မြတ်စွာဘုရားသည် အင်္ဂုတ္တိုရ်ပါဠိတော်နှင့် ပုဂ္ဂလပညတ်ပါဠိတော်တို့၌ အသိရခက်ခဲသော ပုဂ္ဂိုလ်လေးမျိုးတို့ကို အသိရခက်ခဲသော မိုးလေးမျိုးတို့နှင့် ဥပမာပေး၍ နှိုင်ယှဉ်ဟောကြားတော်မူခဲ့သည်။ ထိုဒေသနာတော်တို့၌လာသော မိုးလေးမျိုးတို့အနက် ခြိမ်းသာခြိမ်း၍ မရွာသောမိုး(ဂဇ္ဇိတာနောဝဿိတာ)ဟူသော စကားတော်ကိုယူ၍ ရှေးပညာရှိတို့က "ခြိမ်းလွန်းသည့်မိုး မရွာ" ဟု စကားပုံပြုထားခဲ့ကြခြင်းဖြစ်သည်။ ထိုစကားပုံကို လောက၌" လူပြောမသန် လူသန်မပြော" " အသံသာရှိ အဆံမရှိ"  ဆိုသကဲ့သို့ အပြောကြီးသလောက် လက်တွေ့  အလုပ်ကိုမယ်မယ်ရရ မလုပ်သော၊ အပြောနှင့်လက်တွေ့အလုပ် မညီညွတ်သောပုဂ္ဂိုလ်မျိုးကို တွေ့မြင်ရသည့်အခါ ကဲ့ရဲ့ပြစ်တင် ဘ၀င်မကျ မခံချင်လှသည့် သဘောဖြင့် ဥပမာခိုင်းနှိုင်း၍ ပြောဆိုချေပ အသုံးပြုလေ့ရှိကြသည်။

             မြန်မာစကားပုံကျမ်း၌ ဤသိုဆိုထားပါသည်..." ခြိမ်းလွန်းသည့်မိုး မရွာ"  ရွာတော့မယောင် ခြိမ်းလွန်းသည့်မိုးသည်မရွာသကဲ့သို တကယ်လုပ်တော့မယ်ယောင် ကြီးကြီးကျယ်ကျယ် ပြောလွန်းသောသူသည် လက်တွေ့ တွင် တကယ်မလုပ်ချေ" ဟူ၍ ဖွင့်ဆိုထားသည်ကိုတွေ့ရပါသည်။
သို့ဖြစ်၍ ဤစကားပုံအရ ခြိမ်းသာခြိမ်း၍ အဟုတ်တကယ်မရွာသောမိုး၏ သဘောမျှကိုသာ မယူရ။ " ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်သောခွေး လူမလေး" ဆိုသကဲ့သို့ လူတို့၌ တွေ့ရလေ့ရှိသော ဟိတ်ဟန်အပြည့်နှင့် သူမသိ၊ သူမတတ်၊ သူ မလုပ်တတ်သောအရာ မရှိသလောက် ကြွားဝါပြောဆိုတတ်သော၊ အပြောနှင့်အလုပ် လက်တွေ့ မညီ တစ်ခြားစီ ပြုလုပ်တတ်သော ပုဂ္ဂိုလ်သည် လက်တွေ့ တွင်မူ အဟုတ်တကယ် ဖြစ်ဖြစ်မြောက်မြောက် လုပ်ကိုင်တတ်သော၊ လုပ်ကိုင်နိုင်သော၊ လုပ်ကိုင်လေ့ရှိသော အစွမ်းအစမရှိ ဟိုယောင်ယောင် သည်ယောင်ယောင်နှင့် ရှောင်ကွင်းသွားတတ်၊ ပြောသလို အဟုတ်တကယ် မလုပ်တတ်ဟူသော သဘောကိုလည်း ယူရမည်ပင်ဖြစ်ပေသည်။ 

 

 

ဘုရားသော်မှ အမှီရှိမှ ပွင့်

 

 လူ့ဘ၀ အသက်ရှင်ရပ်တည်နိုင်မူနှင့် မာန်မာနနှိမ့်ချ၍ မိမိဘ၀တိုးတက်အောင် စွမ်းဆောင်စေလိုမူအတွက် အမြင့်မြတ်ဆုံး ဘုရားရှင်၏ ပြုမူဆောင်ရွက်ခဲ့မူကို အတုယူ၍ ထင်ရှားသိမြင်အောင် တိုက်တွန်းဖော်ဆောင်ထားသည့် စကားပုံကောင်းတစ်ခုကိုလည်း မှတ်သားဖွယ်တွေ့ ရှိရသည်။ မြန်မာစကားပုံကျမ်းတွင်-"ဘုရားသော်မှ အမှီရှိမှပွင့်။  ။ မြတ်စွာဘုရားပင်လျှင် အမှီပြုရာ ဗောဓိပင်ရှိမှ ပွင့်တော်မူရသကဲ့သို့ အမှီကောင်းရှိမှ ချောမောအောင်မြင်သည်" ဟူ၍ ဖွင့်ဆိုထားတာကိုလဲတွေ့ ရပါသည်။ စကားပုံ၏ရှင်းလင်းချက်က ဒီလိုပါ။ အမူကိစ္စဟူသမျှနှင့် သက်ရှိသက်မဲ့လောကသားအားလုံးတို၌ အများအားဖြင့် မှီခိုအားထားရာ အထောက်အခံ မဏ္ဍိုင်တစ်ခုခုရှိရန် လိုအပ်လှပေသည်။ အထောက်အခံကင်း၍ တည်တံ့နိုင်သောအရာသည် နည်းပါးလှသည်။ ယုတ်စွအဆုံး သက်မဲ့နွယ်ပင်မျိုးသော်မှ ပင်စည်ခိုင်မာသည့်သစ်ပင်နှင့် လူတို့ကပြုလုပ်ထောက်ခံပေးသော စင်၊ တိုင် စသည်တို့ကို အမှီပြု၍ ရှင်သန်ကြိးထွားရ၏ ထိုနည်းတူစွာပဲ လောက၌ အမြတ်ဆုံးဖြစ်သော ဗုဒ္ဓဘုရားသည်ပင် ဘုရားဖြစ်တော်မမူမီ အချိန်ပိုင်းအလို၌  မဟာဗောဓိပင်ကို ကျောထောက်နောက်ခံပြု၍ မာရ်ငါးပါးကို တွန်းလှန်ဖြိုဖျက်ကာ ဘုရားဖြစ်အောင်စွမ်းဆောင်တော်မူခဲ့ရသည်။

 

တက်တူး

 

 

 

No comments:

Post a Comment