ကောင်းကင်ယံမှာ ထိန်ထိန်လင်း
တိမ်ကင်းစင်တဲ့ ၀တိံဖျားမှာ
အလျံညီးညီး ရှုမညည်းတဲ့အလင်းသခင်
မမြင်ရလည်း လွမ်းရ မြင်ရလည်း တမ်းတ
လူတိုင်းရဲ့ အသည်းစွဲနေအောင်ချစ်ပေမဲ့
လောကီလူ့ဘောင် တဏှာရောင်ဖြင့်
အစဉ်မဲ့ကင်း အလျှဉ်းမရှိ မတွယ်ညှိတဲ့လမင်း
အစဉ်သန့်ရှင်း ဖြူစင်လင်းတဲ့
မေတ္တာအလင်းကို လူမျိုးစားထွေ
ဆိုး ကောင်း မိုက်သူ ခွဲခြား မမူပဲ
တန်းတူမေတ္တာ ရှေးရှုကာဖြင့်
အဝေးကပင် ကျေးဇူးပြုတယ်
အနှိုင်းမဲ့လတစ်စင်း
ဘ၀ခြင်းသာမခြားရင်ဖြင့် ကျွန်ုပ်လည်း အားကျမိပါရဲ့
လပြည့်ဝန်းလိုလူသား ဘ၀များစွာ
ပိုင်ချင်စမ်းပါဘိတယ်
အလင်းမေတ္တာရှင်လေးရယ် ။
တက်တူး
No comments:
Post a Comment