ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ

Sunday, November 11, 2012

ဘ၀ နဲ့ ငှက်ပျောပင် ဥပမာ

'' ဘ၀ဟာ ငှက်ပျောပင်လိုပါဘဲ ၊ အထဲမှာ ဘာရှိမလဲဆိုပြီး ပင်စည်က အလွှာတစ်ခုစီကို ဆွဲခွာကြည့် ၊ အလွှာတွေသာကုန်သွားမယ် ၊ ဘာမှ မတွေ့ပါဘူး '' တဲ့ ။ ဒါက တရားစကားဝိုင်းတစ်ခုမှာ ကြားခဲ့ဖူးသောစကားတစ်ခွန်းပါ ။

ထိုစကားဝိုင်းမှ အဖိုးတန်သော တရားစကားများစွာ...
ကို ကျမမေ့ခဲ့ပြီး ထိုစကားကိုသာ ခုထိ မှတ်မိနေလေသည် ။ ဒါကို ကြားခဲ့တဲ့ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ''မှန်လိုက်တာ'' လို့ ချက်ချင်းတွေးမိပါရဲ့ ။ အဲဒီအချိန်ကတည်းက ကျမ ဆွဲခွာခဲ့တဲ့ ငှက်ပျောရွက်အလွှာများမှ မနည်းခဲ့တော့တာလေ ။ တစ်လွှာခွာခဲ့တိုင်း နောက်တစ်လွှာ ပေါ်လာတတ်မှန်းလည်း သတိထားမိတာ ကြာခဲ့ပြီ ။


ဒီငှက်ပျောပင်ဥပမာကို ပေးခဲ့တဲ့ တရားဟောသော သူငယ်ချင်းကလည်း အဲဒီလိုပြောပြီး နောက်တစ်နှစ်လောက်မှာ ဆုံးပါးသွားလေသည် ။ အသက် ၄၄ နှစ်မှာ မထင်မှတ်ဘဲ ကင်ဆာရောဂါ ၀င်သတဲ့ ။ နောက်ဆုံးတရားကို အသက်နဲ့ ရင်းပြီး ပြသွားသလား ဟု တွေးရင်း ကျမ ခပ်ကြောင်ကြောင် ဖြစ်လိုက်သေးသည် ။ ဒါပေမယ့်ငှက်ပျောရွက်လွှာများကိုတော့ ကျမ အခွာမပျက်ပေ ။

ခံစားချက်များရောပြွန်းသော အလုပ်များနဲ့ အဆုံးမဲ့ဘ၀တိုးတက်ရေး ဆိုသည်များကို လုပ်ရင်း ကျမ တမြေရပ်ခြားကို ရောက်လာရသည် ။ ဒါသည်လည်း ငှက်ပျောရွက်များထဲမှ တစ်လွှာသာ ။ အခုတော့ ဒီအလွှာကို ခွာနိုင်ခဲ့ပြီမို့ ထုံးစံအတိုင်း ဘာမှ မရှိမှန်းလည်း သိခဲ့ပြန်သည်......



ဒါပေမယ့် မရှိခါမှ မရှိရော့၊ ဒီအလွှာကို မခွာနိုင်ခင်တုန်းကတော့ ခွာနိုင်ဖို့ အတော်ကြိုးစားခဲ့ရလေသည် ။ ဒီအလွှာကို ခွာနိုင်ရင်ဘဲ ကျမရဲ့ ဘ၀ကြီး ပြီးပြည့်စုံသွားတော့မလိုလို တွေးမိသေးသည် ။ ကျမနည်းတူ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြား ဆိုတဲ့ ငှက်ပျောရွက်ကို ခွာဖို့ကြိုးစားဖူးတဲ့လူတွေ မနည်း ၊ ရောက်သွားတော့လည်း နောက်အလွှာများစွာက ဆီးကြိုနေကြပြန်သည် ။


တခါတလေလည်း ခံစားချက်များရောပြွှန်းသော အလုပ်များကို လုပ်ရင်း တဖက်ကလည်း ဒါတွေဟာ ရေပွက်ပမာ ခဏသာ လို့ တရားပေါက်သလိုလို တွေးမိနေပြန်သည် ။ ခင်မင်ရသူ ပညာရှိတစ်ယောက်ကတော့ '' မင်းက ခံစားချက်တွေနောက်လိုက်တတ်ပေမယ့် အမြဲတမ်းကိုယ့်ကိုယ်ကို သတိပေးနေတာ တွေ့ရတယ်လေ ၊ သိပ်မဆိုးသေးဘူး ။ မီးကို ပူမှန်းသိရဲ့ ကိုင်ပေမယ့် သတိနဲ့ကိုင်တာကြောင့် အားရပါးရ ကိုင်တဲ့လူလိုတော့ အပူမလောင်ဘူးပေါ့ '' အားပေးသလိုလို ပြောဖူးသည် ။


ပျော်ပါတယ် ၊ လက်ရှိဘ၀ကို မကျေနပ်မရှိ ။ ဒါပေမယ့်ခုလည်း ဆွဲခွာနေမိသော ငှက်ပျောရွက်များနဲ့ ဆွဲခွာချင်နေသော ငှက်ပျောရွက်များစွာ ရှိနေသေးသည် ။ ဒါသည်ပင် လောကီဘ၀ မဟုတ်လား ။ ခွာစရာငှက်ပျောရွက်များ မရှိရင်လည်း ဘယ်လိုနေရပါ့ ။


မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ဝတ္တုထဲက စကားတစ်ခွန်းကို မကြာခဏ သတိရမိတတ်သည် ။ ဘယ်သူပြောသလဲတော့ သေချာမမှတ်မိ .....ဘုန်းကြီးတစ်ပါးပြောတာနဲ့ တူပါရဲ့ ။ ဘယ်သူပင် ပြောပြော လိုရင်းကတော့ '' ချေးထဲမှာ ပျော်တဲ့လောက်ကို စေတနာနဲ့ ရေစင်အောင်ဆေးပြီး ရွှေပန်းကန်ထဲမှာ ထည့်ထားကြည့်ပါလား ။ သေသွားမှာပေါ့ '' တဲ့ ။


ကျမကတော့ အလိုလိုနေရင်းမှ ဘ၀င်မြင့်တတ်သူပီပီ ကိုယ့်ကိုယ်ကိုယ် အဲသလောက်တော့ မနှိမ့်ချလိုပါ ။ ပညာဆက်သင်ရင်း ၊ ဖေ့စ်ဘုတ်ခ် သုံးရင်း ၊ သီချင်းနားထောင်ရင်း ၊ မိမိထက် တော်သူ တတ်သူများကို အားကျရင်း ၊ စိတ်နဲ့ကိုယ်မကပ်သည်ကို ကပ်အောင် ကြိုးစားရင်း ၊ တခါတလေ လောကကြီးရဲ့ မတည်မြဲပုံကို တုန်လှုပ် ရင်း ၊ သံဝေဂ ရရင်း .........ထိုနောက်လည်း မေ့မေ့လျော့လျော့ ဖြစ်ရင်း .......... ထိုငှက်ပျောရွက်များကို ဘယ်လောက်တောင် ဆက်ခွာနေမိဦးမည် မသိပါ .......။


( မှတ်ချက် ။ ။ မ Thanda Win ဘာသာပြန်သော သေမယ်ဆိုတာ ကြိုသိတဲ့အခါ ဆောင်းပါးကို ကျေးဇူးတင်စွာ ဖတ်ရင်း တွေးမိသော မပီပြင်သည့် အတွေးတစ်စသာ ဖြစ်ပါသည် )
See More
Photo: '' ဘ၀ဟာ ငှက်ပျောပင်လိုပါဘဲ ၊ အထဲမှာ ဘာရှိမလဲဆိုပြီး ပင်စည်က အလွှာတစ်ခုစီကို ဆွဲခွာကြည့် ၊ အလွှာတွေသာကုန်သွားမယ် ၊ ဘာမှ မတွေ့ပါဘူး '' တဲ့ ။ ဒါက တရားစကားဝိုင်းတစ်ခုမှာ ကြားခဲ့ဖူးသောစကားတစ်ခွန်းပါ ။ <p>ထိုစကားဝိုင်းမှ အဖိုးတန်သော တရားစကားများစွာကို ကျမမေ့ခဲ့ပြီး ထိုစကားကိုသာ ခုထိ မှတ်မိနေလေသည် ။ ဒါကို ကြားခဲ့တဲ့ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ''မှန်လိုက်တာ'' လို့ ချက်ချင်းတွေးမိပါရဲ့ ။ အဲဒီအချိန်ကတည်းက ကျမ ဆွဲခွာခဲ့တဲ့ ငှက်ပျောရွက်အလွှာများမှ မနည်းခဲ့တော့တာလေ ။ တစ်လွှာခွာခဲ့တိုင်း နောက်တစ်လွှာ ပေါ်လာတတ်မှန်းလည်း သတိထားမိတာ ကြာခဲ့ပြီ ။ <p>ဒီငှက်ပျောပင်ဥပမာကို ပေးခဲ့တဲ့ တရားဟောသော သူငယ်ချင်းကလည်း အဲဒီလိုပြောပြီး နောက်တစ်နှစ်လောက်မှာ ဆုံးပါးသွားလေသည် ။ အသက် ၄၄ နှစ်မှာ မထင်မှတ်ဘဲ ကင်ဆာရောဂါ ၀င်သတဲ့ ။ နောက်ဆုံးတရားကို အသက်နဲ့ ရင်းပြီး ပြသွားသလား ဟု တွေးရင်း ကျမ ခပ်ကြောင်ကြောင် ဖြစ်လိုက်သေးသည် ။ ဒါပေမယ့်ငှက်ပျောရွက်လွှာများကိုတော့ ကျမ အခွာမပျက်ပေ ။<p>ခံစားချက်များရောပြွန်းသော အလုပ်များနဲ့ အဆုံးမဲ့ဘ၀တိုးတက်ရေး ဆိုသည်များကို လုပ်ရင်း ကျမ တမြေရပ်ခြားကို ရောက်လာရသည် ။ ဒါသည်လည်း ငှက်ပျောရွက်များထဲမှ တစ်လွှာသာ ။ အခုတော့ ဒီအလွှာကို ခွာနိုင်ခဲ့ပြီမို့ ထုံးစံအတိုင်း ဘာမှ မရှိမှန်းလည်း သိခဲ့ပြန်သည်......<p>ဒါပေမယ့် မရှိခါမှ မရှိရော့၊ ဒီအလွှာကို မခွာနိုင်ခင်တုန်းကတော့ ခွာနိုင်ဖို့ အတော်ကြိုးစားခဲ့ရလေသည် ။ ဒီအလွှာကို ခွာနိုင်ရင်ဘဲ ကျမရဲ့ ဘ၀ကြီး ပြီးပြည့်စုံသွားတော့မလိုလို တွေးမိသေးသည် ။ ကျမနည်းတူ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြား ဆိုတဲ့ ငှက်ပျောရွက်ကို ခွာဖို့ကြိုးစားဖူးတဲ့လူတွေ မနည်း ၊ ရောက်သွားတော့လည်း နောက်အလွှာများစွာက ဆီးကြိုနေကြပြန်သည် ။ <p>တခါတလေလည်း ခံစားချက်များရောပြွှန်းသော အလုပ်များကို လုပ်ရင်း တဖက်ကလည်း ဒါတွေဟာ ရေပွက်ပမာ ခဏသာ လို့ တရားပေါက်သလိုလို တွေးမိနေပြန်သည် ။ ခင်မင်ရသူ ပညာရှိတစ်ယောက်ကတော့ '' မင်းက ခံစားချက်တွေနောက်လိုက်တတ်ပေမယ့် အမြဲတမ်းကိုယ့်ကိုယ်ကို သတိပေးနေတာ တွေ့ရတယ်လေ ၊ သိပ်မဆိုးသေးဘူး ။ မီးကို ပူမှန်းသိရဲ့ ကိုင်ပေမယ့် သတိနဲ့ကိုင်တာကြောင့် အားရပါးရ ကိုင်တဲ့လူလိုတော့ အပူမလောင်ဘူးပေါ့ '' အားပေးသလိုလို ပြောဖူးသည် ။ <p>ပျော်ပါတယ် ၊ လက်ရှိဘ၀ကို မကျေနပ်မရှိ ။ ဒါပေမယ့်ခုလည်း ဆွဲခွာနေမိသော ငှက်ပျောရွက်များနဲ့ ဆွဲခွာချင်နေသော ငှက်ပျောရွက်များစွာ ရှိနေသေးသည် ။ ဒါသည်ပင် လောကီဘ၀ မဟုတ်လား ။ ခွာစရာငှက်ပျောရွက်များ မရှိရင်လည်း ဘယ်လိုနေရပါ့ ။<p>မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ဝတ္တုထဲက စကားတစ်ခွန်းကို မကြာခဏ သတိရမိတတ်သည် ။ ဘယ်သူပြောသလဲတော့ သေချာမမှတ်မိ .....ဘုန်းကြီးတစ်ပါးပြောတာနဲ့ တူပါရဲ့ ။ ဘယ်သူပင် ပြောပြော လိုရင်းကတော့ '' ချေးထဲမှာ ပျော်တဲ့လောက်ကို စေတနာနဲ့ ရေစင်အောင်ဆေးပြီး ရွှေပန်းကန်ထဲမှာ ထည့်ထားကြည့်ပါလား ။ သေသွားမှာပေါ့ '' တဲ့ ။ <p>ကျမကတော့ အလိုလိုနေရင်းမှ ဘ၀င်မြင့်တတ်သူပီပီ ကိုယ့်ကိုယ်ကိုယ် အဲသလောက်တော့ မနှိမ့်ချလိုပါ ။ ပညာဆက်သင်ရင်း ၊ ဖေ့စ်ဘုတ်ခ် သုံးရင်း ၊ သီချင်းနားထောင်ရင်း ၊ မိမိထက် တော်သူ တတ်သူများကို အားကျရင်း ၊ စိတ်နဲ့ကိုယ်မကပ်သည်ကို ကပ်အောင် ကြိုးစားရင်း ၊ တခါတလေ လောကကြီးရဲ့ မတည်မြဲပုံကို တုန်လှုပ် ရင်း ၊ သံဝေဂ ရရင်း .........ထိုနောက်လည်း မေ့မေ့လျော့လျော့ ဖြစ်ရင်း .......... ထိုငှက်ပျောရွက်များကို ဘယ်လောက်တောင် ဆက်ခွာနေမိဦးမည် မသိပါ .......။<p>( မှတ်ချက် ။ ။ မ Thanda Win ဘာသာပြန်သော သေမယ်ဆိုတာ ကြိုသိတဲ့အခါ ဆောင်းပါးကို ကျေးဇူးတင်စွာ ဖတ်ရင်း တွေးမိသော မပီပြင်သည့် အတွေးတစ်စသာ ဖြစ်ပါသည် )   တက်တူး

No comments:

Post a Comment