ကျွန်တော်မောင်တက်တူးဆိုက်လေးမှသူငယ်ချင်းများကိုကြိုဆိုပါတယ်ဆိုက်လေးကို1.11.2012ရက်တွင်တည်ထောင်ပါသည်။လာလည်သူမိတ်ဆွေအပေါင်းပျော်ရွင်ချမ်းမြေ့ပါစေ
Friday, December 28, 2012
ကီးဘုတ် Shortcut Kye အသုံးပြုခြင်း
သေချာလေ့လာကြည့်ရင်တော့ အကျိုးရှိမှာပါ။ Shortcut Kye နဲ့သုံးတာ
က Mouse နဲ့အသုံး
ပြုတာထက်ပိုပြီး မြန်တယ်ဗျ။ နည်းနည်းလည်း လူရှိန်တာပေါ့ဗျာ။ ကွန်ပြူတာ
ကျွမ်းကျင်မှုကိုကြည့်မယ်ဆို
ရင် Shortcut Key
အသုံးပြုပုံကိုကြည့်ပြီးအကဲခတ်ကြတယ်လို့ရှေးကနောင်တော်ကြီးများထံမှာ ကြားနာဖူး
ပါတယ်ဗျာ။ အောက်မှာလေ့လာကြည့်ကြပါနော်။
မိမိ Gmail @ GTalk တခြားလူ သုံး မသုံး သိချင်လျှင်
မိမိ ဂျီမေလ်း ဂျီတော့ ကို မိမိ အပြင် တခြားလူ သုံးနေလား သိချင်လျှင်
မိမိ မေလ်း ကို ဖွင့် လိုက်ပါ မိမိ မေလ်း ကိုယ်ထည် အောက်ဆုံး ကို ရောက်အောင် သွားပါ
Details ဆိုတဲ့ စာလုံးကို ရှာပြီး နှိပ်လိုက်ပါ..ထိုနောက် အောက်ပါ ပုံလေးအတိုင်း ပေါ်လာမည်
အပုံလေး ကို ကြည့် လိုက်ပါ မိမိ နေထိုင်ရာ နိုင်ငံ နှင့် အချိန် အိုင်ပီ နံပါတ် တွေ ပါ တွေ့ ရမည်
မြန်မာပြည်က သုံးလျှင် မြန်မာပြည် လို့ ပါမည် ..တခြားနိုင်ငံ က သုံးထားလျှင် လဲ တွေ့ ရမည်..
မသိသေး တဲ့ သူများ အတွက် ရည် ရွယ်ပါသည် ..
ထူးခြားဆန်းပြားနည်းပညာများ
ထူးခြားဆန်းပြား မောက်စ် လေးများ
19 ဂျူလိုင် မမေ့ နိုင် အာဇာနည်နေ့ ကိုဂုဏ်ပြုပါသောအားဖြင့် 
နေ ၏ ထူးခြား ဖြစ်စဉ် 2.10.2012 12.48pm
ညီ ဆိုဒ်လေး ကို လာလည်တဲ့  မိတ်ဆွေ သယ်ရင်းတွေ အတွက်
ဗဟုသုတ ရစေသောစေတနာ ဖြင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည်
မနေ့ က အဖြစ်ပျက်လေးပါ မနေ့ ကတည်း က တင်ပေးချင်တာ ပါ
လိုင်းမကောင်းလို့  မတင်ဖြစ်လိုက်ဘူး
အချိန်က တော့ မလေးစံတော်ချိန် 12.48pm အချိန်လောက်မှာ တွေ့ တာပေါ့ 
ထူးခြားဆန်းပြားလို့ တင်ပေးလိုက်တယ် ညီ ကိုယ်တိုင်ရိုက်ထားတာပါ
အပုံလေးကို ကြည့် လိုက်ဦးနော် စိတ်ဝင်စားဆန္ဒရှိရင် ကူးယူသွားပါဗျာ
နေထီးဆောင်းတာ လို့ လဲ ပြောကြတယ်
တက်တူး
ဘီဂိတ်လ် ရဲ့အကြောင်း တစ်စေ့ တစ်စောင်း
ဒီစာလေးကတော့ အင်တာနက်မှာတွေ့မိတာပါ။ တွေ့တွေ့ခြင်းအရမ်းသဘောကျသွားတာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်ဝင် Microsoft Company ကိုတည်ထောင်ခဲ့တဲ့ သူဌေးကြီး Bill Gate အကြောင်းလေးပါ။ ဖတ်ကြည့်လိုက်ပါဦး။ 
                                                     Microsoft နဲ့ဘီဂိတ်လ်
TeamViewer Enterprise 7.0.14563
ကွန်ပြူတာ အဝေးထိမ်းစနစ် နဲ့  ပြုပြင်ပေးတဲ့ 
ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ..သိပြီးသားလူတွေများပါတယ်
အထွေထူးရှင်းပြမနေတော့ဘူးနော်.. သုံးတတ်မယ်လို့ မျှော် လင့် ပါတယ်နော်
အမြဲသုံး  လို့ ရအောင် ခရက်ဖိုင်ပါပါတယ်နော်..
ဆန္ဒရှိ၇င်ဒေါင်းပါ..အဆင်ပြေပါစေ..
ဒေါင်းရန်.. ဒီမှာ
တက်တူး
CCleaner 3.23.1823 last version
အပုံလေး အိုင်ကွန်းလေး မြင်ယုံနဲ့  လူတိုင်းလိုလို ရင်းနှီးပြီးသားပါနော်
ဖရီးလေးတွေ့ တုန်းကောက်ဆွဲပြီး ပြန်လည်မျှဝေလိုက်ပါတယ်နော်
CCleaner ချစ်သူများ အနေနဲ့ အထွေထူးပြောပြနေစရာမလိုဘူးထင်တယ်နော်
သူ့ အရည်ချင်း ကိုသိကြပါတယ်နော်..
အိုကေ ဒေါင်းလိုက်ဦးနော်..
ဒေါင်းရန်... ဒီမှာ
တက်တူး
Connectify Proဆော်ဝဲ့လေးပါ
Connectify  ၀ိုင်ဖိုင်  ရှယ်ပေးတဲ့ ဆော့ဝဲလေးပါ
ညီ ကိုယ်တိုင်စမ်းပြီးမှ တင်ပေးလိုက်တာပါ
အဆင်ပြေတယ်  သိပြီးသူများပါတယ်နော်
အထွေထူး ရှင်းမပြတော့ဘူး..
ဆော့ ဝဲလ်မှာ အသုံးပြု စာအုပ်လေးပါတယ်နော်
စိတ်ဝင်စားဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ.. 
ဒေါင်းရန်.. ဒီမှာ
တက်တူး
Connectify Proဆော်ဝဲ့လေးပါ
Connectify  ၀ိုင်ဖိုင်  ရှယ်ပေးတဲ့ ဆော့ဝဲလေးပါ
ညီ ကိုယ်တိုင်စမ်းပြီးမှ တင်ပေးလိုက်တာပါ
အဆင်ပြေတယ်  သိပြီးသူများပါတယ်နော်
အထွေထူး ရှင်းမပြတော့ဘူး..
ဆော့ ဝဲလ်မှာ အသုံးပြု စာအုပ်လေးပါတယ်နော်
စိတ်ဝင်စားဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ.. 
ဒေါင်းရန်.. ဒီမှာ
တက်တူး
G-talkကို အရုပ်လေးတွေနဲ့ချက်မယ် အလန်းလေးတွေပေါ့ နော်
အခုနောက်ပိုင်း version မြင့်လာတဲ့ G-talk ထဲမှာ funny photo (ရုပ်ပြောင်)လေးတွေကို shortuct key လေးတွေနဲ့ သုံးလို့ရနေပြီ ဖြစ်လို့  chatting ထိုင်တဲ့သူများအဆင်ပြေအောင်လို့ တင်ပေးလိုက်ပါတယ် ..................။
Pfingo ပိုက်ဆံကဒ် ထည့် နည်း
အရင်ဆုံး http://store.pfingo.com/ ကိုဝင်လိုက်ပါ အောက်မှာ ပုံနှင့်တကွရှင်းပြထားပါတယ်
ဝက်ကလေးဟာ ကျောင်းမနေရသေး(ဦးပေါ်ဦး)
ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် ”
တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း
ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ
ဖြစ်ပေတယ်။
(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို
အိမ်နိမ့်စံလို့ ခေါ်တယ်)။
…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…
“ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ
ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ
တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။
“ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး
ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ
နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …
အမေကဗျာလေးတွေ့ပါ
မေမေ
ပန်းပွင့်တွေ
အလှဆုံးပွင့်စမ်း
ဘယ်သူတွေ
ဘယ်လိုပန်းပွင့်မျိုးကိုနှစ်သက်ပါစေ
မေမေ့နှုတ်ခမ်းမှာ ပွင့်တဲ့ အပြုံးပန်းပွင့်လို
လှတဲ့ ပန်းတစ်ပွင့်လောက်ရှိရင်
လက်ညိုးထိုးပြပါလား။ ။
အေးစမ်းပါ့ စမ်းရေတွေ
စမ်းချောင်းလေနား သွားထိုင်မိတာနဲ့
ရင်ကိုအေးမြစေသားလို့ ဆုမတောင်းပဲပြည့်တဲ့သူ
မေမေရဲ့ အေးမြချိုသာတဲ့
စကားသံ၊ အရီ(ရယ်) အပြုံးလေးတွေကို
ယှဉ်နိုင်ခဲ့ရဲ့လား။ ။
အဆင့်အတန်းတွေ
တဖြည်းဖြည်း မြင့်လာတော့
မိုးထိမြင့်တိုက်တွေမှာ ပျော်နေကြတယ်။
ဒါပေမယ့်…
မေမေ့ရဲ့ ဟိုးအောက်ဆုံးက
မျက်ဝန်းနဲ့ ဆောက်ထားတဲ့ တဲအိမ်အိုလေးကို
ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့များ
နှိုင်းရက်လေသလဲ။ ။
ဟာသကဗျာလေးတွေပါ
ပြင်သစ်ရောက်ရွာတောလေးကို နင်မေ့သွားတယ်…
ညည ငါ့မယ်ဒလင်လည်း
ကီးတွေကြောင်ပေါ့။ ။
ငေးငိုင်စွာ ကုက္ကိုပင်အောက်
ပြန်မရောက်တဲ့ နင့်အတွက်
လေးလံစွာ ကဗ္ဗည်းထိုးခဲ့တယ်။ ။
တကောက်ဖာလေး ခေါင်းပေါ်ရွက်
နင်မြို့ပေါ်တက်သွားတာ
အတော်ကြာရော့နော်။ ။
ကြုံလေအုံးပေါ့ ကံဆိုတာရယ်
ရွာဦး ဘုန်းဘုန်းကောင်းမှုတွေကြောင့်
ပျို့မောင်ကြီးတစ်ယောက်
မြို့ရောက်ပါဘိ။ ။
အမယ်လေး…
ရောင်စုံတွေများ လူတွေကြားထဲ
ဘာတဲ့ အကြော်စုံရမယ် အကြော်စုံ အကြော်စုံ
မယ်မ ရယ်။ ။
နင်ပြောတော့ ပြင်သစ်ဆို
ခုမှပဲ နားလည်တော့တယ်
အကြော်စုံကို ပြောတာကိုး။ ။
ကိုရွာသား အတွက် အမှတ်တရလက်ဆောင် ကဗျာလေးပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်ထားခြင်း မဟုတ်ပါ။
ဗုဒ္ဓဘာသာ ၀င်တိုင်းသိသင့်တယ့် ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ     = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ       = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ       = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား                           ၂။ တရား                                   ၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည်     = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည်          = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ            = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည်                  = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော်               = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော်                    = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
                                                          ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊
                                                          ယသော်ဓရာ၊ ဗောဓိညောင်ပင်
သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ်             = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ      = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ  = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ                          = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
Thursday, December 20, 2012
ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
|Like --->@[336980756379454:274:Buddhism Beams(myanmar)]
ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကို
လည်း ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။
ထွက်ရပ်ပေါက်နှစ်မျိုးအနက်
အသေထွက်ဆိုသည်မှာ လက်ရှိဘ၀က သေလွန်ပြီးသော်လည်းလောကဝေါဟာရအရသာ သေလွန်သည် ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။ 
အရှင်ထွက်ဆိုသည်မှာ 
 လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်းအခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ် ဘ၀အဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။
အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။
သေလေပါးမှာ
အရှင်မဟာကဿပ (ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ (ဥတ္တမတောင်)
ရှင်ဥပေက္ခေ (မကုလတောင်)
ရှင်ဓမ္မသာရ (မကုလတောင်) တို့ ဖြစ်ကြသည်။
ထိုရဟန္တာများသည် လူ့ဝေါဟာရအရပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။
ရှင်လေးပါးမှာ
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။
ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုကြည်ကြသည်။
ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသောထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီဘုံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒီ သုတေသီများက မှတ်ချက် ပြုကြသည်။
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ .........
ရှင်အဇ္ဇဂေါဏ၊
ရှင်မထီး၊
ဘားမဲ့၊
ဘိုးဘိုးအောင်၊
ဘိုးမင်းခေါင်၊
ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။
ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့တို့မှာ ထေရ၀ါဒအနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက် သည်ဟု ဆိုသည်။ ရှင်မထီး နှင့်ဘားမဲ့တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ထိုပုဂ္ဂိုလ်များ သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စားလာကြသည်။ ယနေ့တိုင်ဓာတ်စီးဝင်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ထိုပုဂ္ဂိုလ်များသည်လည်းသေလွန်သည်မဟုတ် ခန္ဓာသစ် ဘ၀သစ်သို့ မသေဘဲ ထုံကူးကာ၊ ၀င်စားနေသည်ဟုယူဆကြသည်။
ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့်မကိုက်ညီကြောင်းမြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။ ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက်နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ဖြစ်သွားဖွယ်ရှိသည်ဟု
ဝေဖန်ချက်များပေးခဲ့ကြသည်။
" မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ့ သောညဦးရန်အချိန်တွင် မြတ်ဗုဒ္ဓအား မေးမြန်းလျှောက်ထားလေသည်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားရဲ့သသာနာတော်မှာ ရဟန္တာသော်၎င်း အခြားသောရဟန်းသံဃာသည်၎င်း အရှင်ဘုရားရဲ့ ဟောဖော်ညွန်ပြတဲ့တရားဓမ္မတွေကိုကျင့်ကြံအားထုပ်ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို့  ၁၀၀၀ နေနိုင်ပါသလားဘုရားလို့ လျှောက်လေသည်။
ထိုအခါမြတ်ဗုဒ္ဓကအသင်ဒကာတော်နတ်သား ငါဘုရားရဲ့သသာနာမှာမဂ္ဂင် ၈ ပါး သစ္စာ ၄ပါးကျင့်တရားတွေကိုကျင့်ပြီးတော့ နေမယ် ဆိုရင်ရဟန္တာတွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ် သို့ သော်လည်းပဲ ငါဘုရားရဲ့ သာသနာမှာနေမယ်ဆိုရင်အသက်တမ်းအားဖြင့်  ၁၆၀ထက်ပို့ပြီးတော့မရှိဘူး တကယ်လို့များ အသက်တမ်း ၁၆၀ ထက်ကျော်လွန် သွားတဲ့သူရှိနေရင် ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သသာနာတွင်းသားမဟုတ်ဘူး ငါဘုရားသသာနာဝင်မဟုတ် ဘူးလို့ဟောကြား တော်မူခဲ့ပါပေတယ်။ "
စာရေးသူသိသလောက်မှတ်သလောက်ပြောရရင် ရှင်ဗာကုလသည်ပင်လျှင် မွေးကတည်းက နာချိတဲ့ရောဂါတောင်မရှိဘူးအခြားသောရောဂါမျီုးကိုမဆိုထားနဲ့သို့ဘာသော်ညားလည်း မြတ်ဗုဒ္ဓသသာနာတွင်းဝင်လာတဲ့နောက် အသက် ၁၆၀ တွင် နိဗ္ဗာန်သို့စံမြန်းရပေသည် ။ စာဖတ်သူဒကာဒကာမအပေါင်းတို့လည်းပဲထိုသူတို့ကားမြတ်ဗုဒ္ဓသသာနာအပြင်ပကဆိုတာနားလည်သဘောပေါက်မည်ထင်ပါသည် စာဖတ်သူသည် မြတ်ဗုဒ္ဓသာသနာကိုတကယ်ကြည်ညိုလေးစားကိုးကွယ်တယ်ဆိုပါလျှင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်အောင်ကြီုးစားပြီးတော့သာသနာကိုထောက်ပံ့နိုင်တဲ့သူများဖြစ်အောင် ကြီုးစားပြီး တော့နေထိုင်ကြပါလို့တိုက်တွန်းအပ်ပါသည်။
>>>>>>>> http://buddhismbeams.blogspot.com/2012/12/blog-post_1091.html <<<<<<<<<
မေတ္တာဖြင့်
အရှင်မုနိန္ဒ
ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
| ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကို
လည်း ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။
သံသရာထဲ...ကံကြမ္မာနည်းစွာနဲ
ဝေနာအမော....
  သောကအပူ ယူလာပေးလျှက်..
လွမ်းမိုးစက်တို့ မျက်ရည်စက်စို့မှ..
ခွဲသွားမှာလား.......  
ပူသမျှအပူ'လွမ်း'လေယူရဲ
 နှလုံးသားမှာသူမှသူပဲလို့
 စွဲလန်းနှောင်ရစ်အချစ်ကြီးချစ်မိ
 ဖြစ်သမျှဝန်'လွမ်း'အလွန်ပေါ့...
 သံသရာထဲ...ကံကြမ္မာနည်းစွာနဲ့
ခွဲခွာခံရဖို့အတွက်သြော်.......                 
''လွမ်း''လူဖြစ်လာခဲ့လေသလား....
 ပြန်ဆုံချင်တယ်
ဝေးခဲ့သူနဲ့
ပြန်မလာပြန်ဘူး
မျှော်နေသူသာ
တစ်နေတစ်ခြား ရူးနေခဲ့ပြီ…
အဲ့ဒီလိုတွေ
နင်ရက်စက်နေလည်း
ပက်သတ်ခဲ့ဖူးတဲ့ ချစ်သူတစ်ယောက်ကို
မေ့မရခဲ့တဲ့
ငါ့ကိုငါသာ.အပြစ်တင်ချင်
ပြန်မလာချင်လည်း
နေပါစေတော့...
ငါတစ်ယောက်ထဲ ကြိတ်မှိတ်ခံစား...
တိတ်ဆိတ်တဲ့
အခန်းကျည်းတစ်ခုသာ
ငါ့အတွက်     အားကိုးရာ......
                                                                                                                                                                                                                                                                                                                                                                                                  တက်တူး                                                                                                                     
သူငယ်ချင်းများအတွက် ဂါထာလေးပါ
တစ်နေ့လျှင် ဘုရားစာ တစ်ခု တင် မည် ဟု ရည်စူးထားတာ ဒီနေ့ မတင်ရသေးလို့ အခုတင်လိုက်မိပါတယ် ...  သုဂတော ၅-ချက် ဂါထာ
ကိစ္စတခုခုနဲ့ စကားပြောရတော့မယ့်အခါ ရွတ်ဆိုပါ။
သုဂတော သုဂတဓာနံ၊ သုဂတော သုန္ဒရမ္ပိ စ။
နိဗ္ဗာနံ သုဂတော ယာတိ၊ သုဂတော တေ နမော နမာ။
အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့ တောင်လေးလုံး ဆရာတော် ဘုရားကြီး အမြဲရွတ်ဆိုတော်မူတယ်လို့ ဆိုပါတယ်။ အဲဒီဂါထာကို ရွတ်ရင် ဝိဇ္ဇာနဲ့ တွေ့နိုင်တယ်၊ ဝိဇ္ဇာဓရိက ဂါထာလို့ ခေါ်တယ်လို့လည်း အဆိုရှိပါတယ်။ 
သုဂတဓာနံ-ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတမည်တော်မူ ပါပေ၏။
သုန္ဒရမ္ပိစ-ကောင်းသောသဘောရှိသောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
နိဗ္ဗာနံ-နိဗ္ဗာန်အမြတ် ကောင်းမြတ်သောအရပ်သို့၊ ယာတိ-သွားတော်မူတတ်သောကြောင့်လည်း၊ သုဂတော-သုဂတ မည်တော်မူပါပေ၏။
သုဂတော-သုဂတဂုဏ်ရှင် မြတ်ဘုရားသခင်၊ တေ-ရှင်ပင်ဘုရားအား၊ နမော-နမာ-လွန်ထူးကဲစွာ ရှိခိုးပါ၏ ဘုရား။
တစ်နေ့လျှင် ဘုရားစာ တစ်ခု တင် မည် ဟု ရည်စူးထားတာ ဒီနေ့ မတင်ရသေးလို့ အခုတင်လိုက်မိပါတယ် ... သုဂတော ၅-ချက် ဂါထာ
ကိစ္စတခုခုနဲ့ စကားပြောရတော့မယ့်အခါ ရွတ်ဆိုပါ။
ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား
ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား
တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။
(၁) ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး။
(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။
(၃)ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။
(၄)ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။
(၅)ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။
(၆)ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။
(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
(၈)ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။
(၉)ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။
(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတယ်။
Ref : Good Health
ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား
တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။
(၁) ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး။
(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။
(၃)ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။
(၄)ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။
(၅)ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။
(၆)ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။
(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
(၈)ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။
(၉)ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။
(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတယ်။
တက်တူး
တက
Sunday, November 11, 2012
ယောင်္ကျားတို့ တတ်အပ်သော အဠာ၇သ(၁၈)ပါး
ကျွန်တော်တို့ ယောက်ကျားလေးတွေတော်တော်များများမေ့နေကြတဲ့အကြောင်းအ၇ာလေးပါ။
(၁) အကြားအမြင်အတက်(သုတိ)
(၂) ဓမ္မသတ်အတက်(သမ္မတိ)
(၃) အေ၇အတွက်နှင့်ဆိုင်သောဂဏန်းအတက်(သချာင်္)
(၄) တံစဉ်၊စူးဆောက်စသောအတက်(ယောဂါ)
(၅) လူတို့ အားဆိုဆုံးမ၇ာသောနီတိကျမ်းအတက်(နီတိ)
(၆) ယာယီယတြာစသောဗျာမရိုဏ်းအတက်(၀ိသေသကာ)
(၇) စောင်းငြင်းကဗျာလင်္ကာအတက်(ဂန္ဓဗ္ပာ)
(၈) လက်ဆက်ချိုးေ၇တွက်၇သောအတက်(ပဏိကာ)
(၉) ဒူးလေး၊လင်းလေးအတက်(ဓနုဘေဒါ)
(၁၀) စကားဟောင်းအတက်(ပု၇ာဏာ)
(၁၁) ဆေးအတက်(တိကိစ္ဆာ)
(၁၂) ၇ယ်ရွှင်မှုအတက်(က္ကုတိဟသ)
(၁၃) ဗေဒင်အတက်(ဇောတိ)
(၁၄) လှည့်ပတ်သောအတက်(မာယာ)
(၁၅) ဆန်းကျမ်းအတက်(ဆန္ဒာတိ)
(၁၆) သံတမန်အတက်(ကေတု)
(၁၇) မန္တန်အတက်(မန္တာ)
(၁၈) သဒ္ဒါ့ကျမ်းအတက်(သဒ္ဒါ)
နိုင်ငံတော် အသစ်၊လူသစ်၊စိတ်သစ် အသစ်အသစ်တို့ ကိုအဠာ၇သ ၁၈ပါး ဖြင့်တည်ဆောက်ကြပါစို့ ။
တက်တူး
ဗိုလ်ချုပ်၏လက်ရေးမူ
ရခိုင်လူမျိုးတွေရဲ့ လာဘ်ကောင်းတွေကိုယူဆောင်လာပေးတယ်လို့ အဓိပ္ပာယ်၇တဲ့ လာဘ်ကောင်းပေးတဲ့ ဗျာလ၇ုပ်ပါ
ရခိုင်လူမျိုးတွေရဲ့ လာဘ်ကောင်းတွေကိုယူဆောင်လာပေးတယ်လို့ အဓိပ္ပာယ်၇တဲ့
လာဘ်ကောင်းပေးတဲ့ ဗျာလ၇ုပ်ပါ
သူ့မှာပါဝင်တဲ့သတ္တ၀ါ(၉)မျိုးက......
ရခိုင် ဗျာလရုပ်တွင် ပါဝင်သော သတ္တ၀ါ ( ၉ ) မျိုး
၁။ ခြင်္သေ့ခါင်းနှင့် လည်ဆံ ခြေလက်များ
၂။ သမင် မျက်လုံး
၃။ ကျား ပါးစပ်
၎။ ကြက်တူရွေး လျှာ
၅။ မြင်း နားရွက်
၆။ ဆင် နှာမောင်း
၇။ ကြံ့ အစွယ်
၈။ ခြူး ကိုယ်
၉။စာမရီ အမြီး
ဤသည်ကား ရခိုင်တို့၏ န၀ရှုပခေါ် ဗျာလ ပုံတည်း။
http://www.facebook.com/photo.php?fbid=192087814261125&set=a.15...
တက်တူး
" မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း "
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ
သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။
 ၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ
 ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။
 (၂) ကုလားပဲ စားပါ
 ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။
ဘ၀ နဲ့ ငှက်ပျောပင် ဥပမာ
'' ဘ၀ဟာ ငှက်ပျောပင်လိုပါဘဲ ၊ အထဲမှာ ဘာရှိမလဲဆိုပြီး ပင်စည်က အလွှာတစ်ခုစီကို ဆွဲခွာကြည့် ၊ အလွှာတွေသာကုန်သွားမယ် ၊ ဘာမှ မတွေ့ပါဘူး '' တဲ့ ။ ဒါက တရားစကားဝိုင်းတစ်ခုမှာ ကြားခဲ့ဖူးသောစကားတစ်ခွန်းပါ ။
ထိုစကားဝိုင်းမှ အဖိုးတန်သော တရားစကားများစွာ...
ကို ကျမမေ့ခဲ့ပြီး ထိုစကားကိုသာ ခုထိ မှတ်မိနေလေသည် ။ ဒါကို ကြားခဲ့တဲ့ လွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ''မှန်လိုက်တာ'' လို့ ချက်ချင်းတွေးမိပါရဲ့ ။ အဲဒီအချိန်ကတည်းက ကျမ ဆွဲခွာခဲ့တဲ့ ငှက်ပျောရွက်အလွှာများမှ မနည်းခဲ့တော့တာလေ ။ တစ်လွှာခွာခဲ့တိုင်း နောက်တစ်လွှာ ပေါ်လာတတ်မှန်းလည်း သတိထားမိတာ ကြာခဲ့ပြီ ။
ဒီငှက်ပျောပင်ဥပမာကို ပေးခဲ့တဲ့ တရားဟောသော သူငယ်ချင်းကလည်း အဲဒီလိုပြောပြီး နောက်တစ်နှစ်လောက်မှာ ဆုံးပါးသွားလေသည် ။ အသက် ၄၄ နှစ်မှာ မထင်မှတ်ဘဲ ကင်ဆာရောဂါ ၀င်သတဲ့ ။ နောက်ဆုံးတရားကို အသက်နဲ့ ရင်းပြီး ပြသွားသလား ဟု တွေးရင်း ကျမ ခပ်ကြောင်ကြောင် ဖြစ်လိုက်သေးသည် ။ ဒါပေမယ့်ငှက်ပျောရွက်လွှာများကိုတော့ ကျမ အခွာမပျက်ပေ ။
ခံစားချက်များရောပြွန်းသော အလုပ်များနဲ့ အဆုံးမဲ့ဘ၀တိုးတက်ရေး ဆိုသည်များကို လုပ်ရင်း ကျမ တမြေရပ်ခြားကို ရောက်လာရသည် ။ ဒါသည်လည်း ငှက်ပျောရွက်များထဲမှ တစ်လွှာသာ ။ အခုတော့ ဒီအလွှာကို ခွာနိုင်ခဲ့ပြီမို့ ထုံးစံအတိုင်း ဘာမှ မရှိမှန်းလည်း သိခဲ့ပြန်သည်......
Monday, November 5, 2012
ကိုယ်အလေးချိန်တက်စေသော အံ့အားသင့်ဖွယ်ရာ အကြောင်းငါးရပ်
ကိုယ်အလေးချိန်တက်လာတဲ့အခါ အစားများတာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမလုပ်တာနဲ့ အဆီအအိမ့်နဲ့ အချိုမှုန့်တွေ စားတာတွေကြောင့်လို့ပဲ ထင်မြင်တတ် ကြပါတယ်။ တချို့လူတွေကျတော့ ဒီအလေ့အထမလုပ်မိဘဲ ကိုယ်အလေးချိန် တက်လာတဲ့အခါ အကြောင်းရင်းရှာမရဘဲ စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်မသိသေးတဲ့ ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ အစာစားဖြစ်အောင် တွန်းအားပေးပါတယ်။ အကြာကြီး စိတ်ဖိစီးမှုဒဏ်ခံရရင် ခန္ဓာကိုယ်ကနေ ကော်တီဇုန်းနဲ့ အင်ဆူလင် ထုတ်လုပ်မှု တိုးလာပါတော့တယ်။ အဲဒီအခါ အစာစားချင်တဲ့ ဆန္ဒများလာပြီး ကယ်လိုရီများတဲ့ အစာတွေကိုသာ ရွေးစားမိတတ်ပါတယ်။
ဖြေရှင်းနည်း
စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းပမာဏ ထိန်းနိုင်ဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။
၂။ အချိုတု
သကြားအစားသုံးတဲ့ အချိုတုတွေဟာ ခန္ဓာကိုယ်သွယ်လျလိုသူတွေအတွက်တော့ မကောင်းပါဘူး။ အဝလွန်ခြင်းအကြောင်း လေ့လာမှုအရ တစ်ပတ်အတွင်း ဆေးသကြား (Aspartame) ပါတဲ့ အချိုရည် ၂၁ မျိုး သောက်သူတွေဟာ မသောက်သူတွေထက် ကိုယ်အလေးချိန် မြင့်တက်နိုင်ခြေ နှစ်ဆကျော်ရှိကြောင်း သိရပါတယ်။
Sunday, November 4, 2012
စက္ကန့်တိုင်းမှာ
ရင်ခွင်တစ်စုံကြား
သိုဝှက်ကာထားပါသော်လည်း
နှောင်ကြိုးတံခါးကို
သံယောဇဉ်ဆန္ဒတစ်စုံက
ဖွင့်ခွင့်ပေးခဲ့လေသလား
မေတ္တာလက်တစ်ဖက်
ကမ်းဆက်မိချိန်မှာတော့
တမ်းတခြင်းများက
ကုဋေကုဋာ…
လွမ်းရခြင်းများကတော့
အသင်္ချေမကပါ
စိတ်မချခြင်းများကလည်း
စက္ကန့်တိုင်းမှာ……..
တက်တူး
အဖြူရောင်အလွမ်း များစေသား
၁။အဖြူရောင် မျက်ရည်တစ်စက်
ငါ့ရဲ့နောက်ဆုံးထွက်သက်အထိ
အမှတ်ရနေမယ့်ခံစားချက်မို့
အမှတ်တရတွေမှာ အတ္တမပါတာ
မင်းအတွက်ငါဝမ်းသာမိတယ်။
၂။ဘ၀သံသရာအလွမ်းကမ္ဘာမှာ
နင်လွမ်းလည်းစေငါအလွမ်းဝေ
စည်းတစ်ဖက်ခြားငါ့တို့အချစ်များ
ဆုံးစည်းစေလည်းဆုမချွေပါ
ရင်ထဲကသာချစ်လျှက်သာပေါ့
တူမျှတွဲယူလက်တွဲထူမည်
အဖြူရောင်မေတ္တာ များစေတနာဖြင့်
အဖြူရောင်အလွမ်း များစေသား….
တက်တူး
လူသားလမင်း
အလင်းနှင့်အအေး မျှကာပေး၊
လောကလူသား ငြိမ်းချမ်းစေဖို့၊
 အဝေကနေ ပြုံးပျော်ရွှင်လျှက်၊
ကျေးဇူးပြုတာ လမင်းပါ။
ကျွပ်လဲ တောင်းတလူသားလမင်း၊
ရေအေးမေတ္တာ လင်းသိဥာဏ်နှင့်၊
 လောကလူသားငြိမ်းချမ်းစေဖို့၊
အဝေးကနေ ပြုံးပျော်ရွှင်လျှက်၊
ကျေးဇူးပြုကာ နေလိုက်ချင်ဘိ။
တက်တူး
လပြည့်ဝန်းလိုလူသား
ကောင်းကင်ယံမှာ ထိန်ထိန်လင်း
တိမ်ကင်းစင်တဲ့ ၀တိံဖျားမှာ
 အလျံညီးညီး ရှုမညည်းတဲ့အလင်းသခင်
မမြင်ရလည်း လွမ်းရ မြင်ရလည်း  တမ်းတ
လူတိုင်းရဲ့ အသည်းစွဲနေအောင်ချစ်ပေမဲ့
လောကီလူ့ဘောင် တဏှာရောင်ဖြင့်
အစဉ်မဲ့ကင်း အလျှဉ်းမရှိ မတွယ်ညှိတဲ့လမင်း
အစဉ်သန့်ရှင်း  ဖြူစင်လင်းတဲ့
မေတ္တာအလင်းကို  လူမျိုးစားထွေ
ဆိုး ကောင်း မိုက်သူ  ခွဲခြား မမူပဲ
တန်းတူမေတ္တာ ရှေးရှုကာဖြင့် 
အဝေးကပင်  ကျေးဇူးပြုတယ်
အနှိုင်းမဲ့လတစ်စင်း
ဘ၀ခြင်းသာမခြားရင်ဖြင့်  ကျွန်ုပ်လည်း အားကျမိပါရဲ့
လပြည့်ဝန်းလိုလူသား ဘ၀များစွာ
ပိုင်ချင်စမ်းပါဘိတယ်
အလင်းမေတ္တာရှင်လေးရယ် ။
တက်တူး
ချစ်သူ
Share
ကြမ်းတမ်းတဲ့လမ်းထက်
အလွမ်းနေ့ရက်တွေ
အဆစ်ပေးလေတော့
လှမ်းရမယ့်လမ်းအတွက်
အခန်းဆက်ကရှည်လွန်းတယ်။
အနမ်းတွေ
သစ်လွင်နေပေမယ့်
ဒီလူရင်ထဲ
အလွမ်းတွေနဲ့သာ
ခြောက်သွေ့စဲခြောက်သွေ့မြဲ။
စိမ်းလန်းဖို့ပျိုးတဲ့အစ
ရှင်သန်ခြင်းကမျက်ရည်
နှစ်သိမ့်ခြင်းက ခွန်အား
မင်းရင်ခွင်ခိုနားဖို့က
ငါ့မျှော်လင့်ချက်ပဲလား။
ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့
အဝေးကမင်းကို
ချစ်နေရတာကိုက
ငါ့ဘ၀အတွက်တော့
ခွန်အားတစ်ရပ်ပါ……ချစ်သူ။
တက်တူး
မျှော်နေလျက်
Share
စောင့်စားခဲ့ရတဲ့
အလွမ်းတွေအတွက်
အနမ်းတစ်ခုက
နှစ်သိမ့်နိုင်မယ်ဆိုရင်
ပြန်လာခဲ့ပါချစ်သူ။
အနမ်းအသစ်တွေအတွက်
အလွမ်းစစ်စစ်နဲ့
မျှော်နေလျှက်......။
တက်တူး
ငါလည်းလေတစ်နေ့
ငြင်းသဲ့သဲ့နဲ့ ပြင်းထန်စွာ
ထွက်သက်ဝင်သက်တွေလွန်ဆွဲနေတယ်
ငါ့နှလုံးသားတစ်ခုလုံး
ပူလောင်မွန်းကျပ်စွာ နာကျင်နေတယ်
ငါကိုယ်တိုင်ငါ့လက်နဲ့ ငါ့ရင်ကိုခွဲလို့ရရင်
ငါ့နှလုံးသားကိုဆွဲထုတ်ပြီး
ဟိုးအဝေးလေထုထဲ လွှင့်ပစ်လိုက်ချင်တယ်…
အဝေးကပျံ့လွင့်လာတဲ့အသံတွေ
ချီးကျူးသံလား?ကဲ့ရဲ့သံလား?
တက်တူး
မြန်မာနိုင်ငံတွင် စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာ နှင့် မြန်မာစာ ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း
စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာ ပေါ်ပေါက်ခြင်း
အိန္ဒိယမှ မဟာမေဒင်တို့၏ဘေးကြောင့် မဟာယနရဟန်းများ ထွက်ပြေးရောက်
ရှိလာသဖြင့် မဟာယနဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံများနှင့် ယင်း အချိန်မှီ
မတိုင်မီကပင် မဟာယနဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးနေကြသော နိုင်ငံများမှာ
နီပေါလ်၊ ဆစ်ကင်း၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊
မန်ချူးရီးယား၊ ဆိုဒ်ဗေးရီးယား၊ ရုရှားမြောက်ပိုင်းပြည်များဖြစ်ပါသည်။
အိန္ဒိယမြောက်ပိုင်း မဟာယနဗုဒ္ဓဘာသာသည် မြောက်ပိုင်းတိုင်းပြည်များသို့
ရောက်ရှိထွန်းကားနေသကဲသို့၊ တောင်ဘက်ပိုင်းဖြစ်သော မြန်မာ၊ ယိုးဒယား၊
အင်ဒိုးနီးရှားနိုင်ငံများသို့လည်း ရောက်ရှိခဲ့သည်ဟု အဆိုရှိပေသည်။
အနော်ရထာမင်း(အေဒီ ၁၀၄၄ - ၁၀၇၇) လက်ထက်တွင် ပုဂံ၌ မဟာယနတို့၏
တန္တရ၊ မန္တရ အဆက်အနွယ်ဖြစ်သော အရည်းကြီးရဟန်းများ အထင်အရှားရှိနေ
သဖြင့် မြန်မာနိုင်ငံသို့လည်း မဟာယနဗုဒ္ဓဘာသာရောက်ရှိကြောင်း ထင်ရှားပေသည်။
၁၉၆၉ ခုနှစ် (သာသနာနှစ် ၂၅၀၀) ပြည့်နှစ်ထုတ် ရန်ကုန်တက္ကသိုလ်ပါဠိအသင်း
မဂ္ဂဇင်းပါ “ကမ္ဘာ့အလင်းရောင်” ဆောင်းပါးတွင် မြန်မာပြည်(အထက်ပိုင်း) ၌
အနော်ရထာမင်း လက်ထက်တိုင်အောင် ဗြဟ္မဏဘာသာ၊ မဟာယနဗုဒ္ဓဘာသာ
တို့ ရောနှောရှိခဲ့ကြောင့်၊ ခရစ်နှစ် ၆ ရာစုတွင် အိန္ဒိယမြောက်ပိုင်း အရှေ့ဘက်
ဘင်္ဂလားမှတဆင့် တန္တရအယူဝါဒအတွင်းခံရှိသော မဟာယနဗုဒ္ဓဘာသာသည်
မြန်မာပြည်အထက်ပိုင်းသို့ ရောက်ရှိလာသဖြင့် ပန်းဦးပန်အရည်းကြီးများ ခေတ်စား
လာခဲ့ရကြောင်း”ရေးသားဖော်ပြထားသည်ကို တွေ့ရပေသည်
မိခင်ဖခင်တို့ကို ပြစ်မှားစော်ကားလျှင်
မိတ်ဆွေ တစ်ယောက်နှင့် အွန်လိုင်းမှာ စကားလက်စုံကြမိရင်း သူက တောင်းဆိုလာသည်။အမေ့ကျေးဇူး ကို ဖွဲ့နွဲ့ရေးသားထားတဲ့ ဆောင်းပါးမျိုးတွေ ခဏခဏ ဖတ်ဘူးတယ်၊အဖေ့ကျေးဇူး နဲ့ ပတ်သက်ရင် ရေးသားတာ၊ ဖွဲ့နွဲ့တာမျိုးတွေ နဲပါးတယ်ဆိုတဲ့အကြောင်းပြောပြီး စာရေးသူကို အဖေ့ကျေးဇူး နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတခုလောက်
ရေးပေးဖို့ တောင်းဆိုလာသည်။ ကြိုးစားကြည့်မည်ဟု ပြောလိုက်ပေမယ့်
တကယ်ရေးမည်ဆိုသောအခါ ဘာရေးရမှန်း မသိတော့။ မိဘကျေးဇူး တို့မှာ
မိမိအတွက်တော့ စကားလုံးဖြင့် ထုတ်ပြဖို့ မဖြစ်နိုင်လောက်အောင် များပြားလှသည်သာ
ဖြစ်ပါသည်။ များပြားလွန်းလှသော မိခင်ဖခင် တို့၏ ကျေးဇူးအနန္တဂုဏ်အင်ကို
ထုတ်ပြဖို့ဆိုသည်မှာ စာရေးသူအနေနှင့် တကယ်မစွမ်းဆောင်နိုင်လှပါ။
ထို့ကြောင့် မိဘကျေးဇူး ဆိုတာကို ထုတ်ဖော်ရေးသားဖို့ မစွမ်းနိုင်လှပေမယ့် အမိအဖ
ကိုစော်ကားလျှင် ကျေးဇူးရှင်ကို ပြစ်မှားလျှင်တော့ ရရှိနိုင်မယ့် အပြစ်ဆိုးကျိုးတွေကိုတော့
ထုတ်ပြချင်နေမိသည်။
စကားပုံလေး(၃)ခုပါ
ကံမရှိ ဥာဏ်ရှိတိုင်းမွဲ
ကံ-ဟူသည် ကမ္မဟူသော ပါဠိပုဒ်မှဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း ဟုအဓိပ္ပါယ်ရသည်။ ပြုလုပ်သူ၏ကောင်းမကောင်းသော စေ့ဆော်မှူစိတ်စေတနာပင်ဖြစ်သည်။သို့ဖြစ်၍ လောက၌ စေတနာကောင်းသည် မကောင်းဟု ပြောဆိုရာ၌ ထိုပြုလုပ်မှူကံကိုပင် ညွန်းဆိုကြခြင်းဖြစ်ရာ ပုဂ္ဂိုလ်တစ်ယောက်၏မြင့်မြတ်ကောင်းမွန်သော ဆောင်ရွက်မှူ၊ ယုတ်မာနိမ့်ကျသော ပြုမှူဆောင်ရွက်မှူတို့ကို ခွဲခြားသတ်မှတ်ခြင်းဖြစ်သည်ဟု သိမြင်နိုင်သည်။ထိုပြုလုပ်အပ်သော စေတနာခေါ်ကံသည် အတိတ်ဘ၀လူဖြစ်စဉ်က ပြုလုပ်ခဲ့သောကံ (ကုသိုလ်၊အကုသိုလ်)နှင့်ယခုဘ၀ပြုလုပ်နေသောကံဟူ၍ရှိရာ “ကံမရှိ”ဟူသောပုဒ်အရ ယခုဘ၀ပြုလုပ်နေသော ကောင်းမှူကံအလုပ်ကိုမဆိုလို။အတိတ်ဘ၀ကပြုလုပ်ခဲ့သော ကောင်းမှူကံမရှိခြင်းကိုဆိုလိုပါသည်။
ဥာဏ်ရှိတိုင်းမွဲ-ဟူသည် အသိဥာဏ်ပညာ အမြော်အမြင်၊ဗဟုသုတ ပြည့်ဝစွာဖြင့် မည်သို့လုပ်ဆောင်လျှင်၊ကုန်သွယ်ရောင်းဝယ်ဖောက်ကားလျှင်၊တီထွင်ဆန်းသစ်လုပ်ကိုင်လျှင်၊ မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်လျှင် ကြီးပွားချမ်းသာနိုင်၏။ အဆင်ပြေချောမွေ့နိုင်၏။ ဆုံးရှုံးပျက်စီးမှူမဖြစ်နိုင်ဟု ယူဆပြီးကြီးပွားချမ်းသာမှူ ရရှိရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြံစည်လုပ်ဆောင်ပါသော်လည်း တစ်နည်းနည်းဖြင့် ဆုံးရှု့းံမှူနှင့်ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပြီး အောင်မြင်ကြီးပွားမှူမရခြင်းသဘောကို ဥာဏ်ရှိတိုင်းမွဲဟု ဆိုလိုပါသည်။
သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ
သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မတွေ့ရပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်
ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊
မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တ၀ါတွေကို ဖန်ဆင်းတယ်လို့ ဆိုပါတယ်။
ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်
သိဝ က ဖျက်ဆီးပါတယ်။
ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊
ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊
ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊
သိဝ ရဲ့ ကြင်ယာတော်က ပဗ္ဗတီ  အဲဒီလို အသီးသီး ရှိကြပါတယ်။
Saturday, November 3, 2012
လောကီ သရဏဂုံ(၄)မျိုး
သရဏဂုံကား ပါဠိပုဒ်တည်း။ မြန်မာလို ကိုးကွယ်ဆည်းကပ်သူ လူအပေါင်းတို့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း၊ အပါယ်သို့ ကျရောက်၍ ပင်ပန်းဆင်းရဲရခြင်း စသော ဆင်းရဲ အမျိုးမျိုးကို ပယ်ဖျောက်ပေးတတ်သည့်အရာ ဟု အဓိပ္ပာယ်ရ၏။ ထိုအရာများကား ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးတို့ဖြစ်၏။ ထို့ကြောင့် “သရဏ” ဆိုသည်မှာ ဆင်းရဲအမျိုးမျိုးကို ပယ်ဖျောက်ပေးနိုင်သော ရတနာသုံးပါးဖြစ်သည်။
တစ်နည်းချဲ့၍ဆိုရသော် မြတ်စွာဘုရားသည် အကျိုးစီးပွား၌ ဖြစ်တော်မူခြင်းဖြင့်လည်းကောင်း၊ အကျိုးစီးပွားမဲ့မှ တားမြစ်တော်မူခြင်းဖြင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအမျိုးမျိုးတို့ကို ပယ်ဖျောက်တော်မူတတ်၏။ တရားတော်သည် ဘဝခရီးထဲမှ လွတ်မြောက်စေသောအားဖြင့်လည်းကောင်း၊ သက်သာရာ ရစေသောအားဖြင့် လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏။ သံဃာတော်သည် အနည်းငယ် သော ကောင်းမှုမျှဖြင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုးရအောင် ပြုတတ်သောအားဖြင့် ဘေးအမျိုးမျိုးကို ပယ်ဖျောက်တော်မူတတ်၏။ ထို့ကြောင့် ရတနာမြတ်သုံးပါးသည် သရဏမည်၏။
သရဏ- ပါဠိပုဒ်သည် မြန်မာလို ဘေးအမျိုးမျိုး ဆင်းရဲအမျိုးမျိုးတို့ကို ပယ်ဖျောက်ပေးတတ်သည့်အရာဟု သဒ္ဒါ အနက်ထွက်သော်လည်း ဝေါဟာရအနေဖြင့် ကိုးကွယ်ရာဟု အဓိပ္ပာယ်ရ၏။ ကိုးကွယ်ရာပုဒ်ကို အဓိပ္ပာယ် စိတ်ဖြာရလျှင် “ဆင်းရဲအမျိုးမျိုး ၊ ဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်သူများဟု ယုံကြည်ကာ အားကိုးရာ၊ အားထားရာ၊ မှီခိုရာအဖြစ် ဆည်းကပ်ပူဇော်ရသည့်အရာ” ဟု ဖြစ်သည်။ မြန်မာအဘိဓာန်၌ “ကိုးကွယ်ရာ” ကိုဆည်းကပ်ပူဇော်စရာ၊ အားထားမှီခိုစရာဟု ဖွင့်ဆိုထားသည်။
Thursday, November 1, 2012
ကဗျာလေးတွေပါသူငယ်ချင်းများဖတ်ဖို့ပါ
မမျှတခြင်း
အချစ်ဆုံး ချစ်သူ နှစ်ယောက်ဟာ
အဝေးဆုံးမှာ ရှိနေကြသတဲ့လား...
နာကျင်မူ့ကိုယ်စီနဲ့
ဆုံမှတ်တစ်ခု ရောက်ဖို့
အလွမ်းတွေ စတေးသူနှစ်ယောက်..
အချစ်စစ်တို့လမ်း မဖြောင့်တန်း..တဲ့လား
ဆို၇ိုးစကားထားခဲ့သူများ
ကျိန်ဆို ခဲ့လေရော့သလား...။
သူလည်း လွမ်း ၊ကိုယ်လည်းလွမ်း
သူလည်းငို ၊ ကိုယ်လည်း ငို..
အို..
ချစ်သူနဲ့ ဝေးကွားခြင်းဟာ
ခါးသီးပါလား..။
ငါတို့ အနာဂတ်တွေ
သေချာပါ့မလား ချစ်သူရေ...
ဘယ်လိုတွေးတွေး..
ဝေးဖို့အေ၇း စဉ်စားလေတိုင်း..
နာကျင်စို့နင့် ရင်ဘတ်တွေ မွန်းကြပ်လေပါလား...။
ချစ်ဆုံး ချစ်သူနှစ်ယောက်ရဲ့ ...
နှလုံးသားတွေ စာနာဖေးမ
ကံတရားရယ်..တစ်ခါလောက်
ငါတို့ ဆုံပါရစေ....။
နှစ်ယောက်မပျော်ရရင်တောင်မှ
နှစ်ယောက်လုံးငိုရတဲ့အဖြစ်ကို
ငါမလိုချင်ဘူး...
သူငိုမယ့်အစား..
သူနာကျင်မယ့်အစား..
ငါ့တစ်ယောက်တည်းသာ..
ပေးပါဟာ...........။
အချစ်စစ်တို့ လမ်း မဖြောင့်တန်း..တဲ့..
မျှတပါရဲ့လား..အို..ကံတရား..။
သောတာပန်တို့၏စိတ်နေသဘောထားခုနစ်ချက်နှင့် သောတာပန်ဖြစ်ကြောင်းအင်္ဂါလေးပါး
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ကောသမ္ဘီမှာ အဘိဓမ္မာနိုင်တဲ့ရဟန်းတစ်ပါးနဲ့ သုတ္တန်ဝိနည်း ခေါင်းဆောင်တစ်ပါးတို့ဟာ ကုဋီတက်ကြတော့ ရေကျန်ကလေးကိုတွေ့၍ အချင်းများပြီးကွဲသွားကြတာဟာ လူတွေသာမက ကိုယ်စောင့်နတ်၊ရွာစောင့်နတ်ကစပြီး၊ နတ်ပြည်ခြောက်ထပ်အထိသူ့ဖက်ကိုယ့်ဖက် နှစ်ခြမ်းကွဲ သွားပါတယ်။ အဘိဓမ္မာရဟန်းက အမှတ်တမဲ့နဲ့ ကုဋိမှာရေကလေးတဝက်ချန်ထားခဲ့မိ၍ ဝိနည်းခေါင်းဆောင် ရဟန်းကအပြစ်ပြောရင်း နှစ်ခြမ်းကွဲသွားတာပါ။ အဲဒါကိုမြတ်စွာဘုရားသိတော်မူတဲ့အခါဆုံးမသော်လည်း မရ၍ ရွှေဥာဏ်တော်နှင့်ဆင်ခြင်တော်မူတဲ့အခါ ဒါဟာဝိပါကဝဋ်တရားပါလားဆိုပြီး ပလလဲတောကိုကြွသွားတော်မူပြီး နောက် ငြိမ်းအေးတဲ့အခါရောက်မှ အရှင်အာနန္ဒာကပင့်၍ ပြန်ကြွလာတော်မူပြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။
အသေးအဖွဲ့ကိစ္စကလေးမှစ၍ ယခုလိုဖြစ်ကြတာဟာ ပုထုဇဉ်စိတ်ထားကြောင့်ဖြစ်တဲ့အကြောင်း၊ သောတာပန် ဆိုရင်ဒီလိုမဖြစ်နိုင်ကြောင်း သိစေချင်တာကြောင့် သောတာပန်တို့ရဲ့ စိတ်နေအထားကို အောက်ပါ(၇)ချက်ပြ၍ ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ အဲဒီအချက်တွေကဘာတွေလဲလို့ဆိုတော့ 
တရားအားထုတ်ခြင်းဟူသည်
စိတ်၏အလုပ်ဖြစ်သည့် ကမ္မဋ္ဌာန်းခေါ်(Meditation) အားထုတ်ရာတွင် စိတ်ကို အာရုံတစ်ခုတွင် တည်ငြိမ်စေရန် စတင်လေ့ကျင့်ရသည်။ ဤသည်ကိုယနေ့ခေတ်တွင် တရားအားထုတ်ခြင်းဟုခေါ်ကြသည်။ အမှန်မှာ စိတ်ကို ဂနာငြိမ်စေရန် ထိန်းသိမ်းခြင်း၊ စိတ်ကို သူ့သဘာဝအတိုင်း လွှတ်မထားခြင်း(Control of mind) သာဖြစ်သည်။ အတွင်းသိစိတ်ဖြင့် အပြင်သိစိတ်ကို ထိန်းသိမ်းထားခြင်းသာဖြစ်သည်။ အပြင်သိစိတ်(ပဉ္စဝိညာဏ)များသည် ပြင်ပအာရုံရှိရာသို့ ခန္ဓာကိုယ်ပြူတင်းပေါက်(ဒွါရ)များမှ ထွက်၍ သွားလေ့ရှိသလို အတွင်းသိစိတ် (မနောဝိညာဏ)များကလည်း အာရုံများကို ဆွဲခေါ်လေ့ရှိ၏။ ဤသည်မှာ ဝိညာဏစိတ်များ၏ အပြန်အလှန် အာရုံနှင့် ပလူးတတ်သည့် သဘာဝများဖြစ်သည်။
ထို့ကြောင့် မျက်စိကိုပိတ် ဆိတ်ငြိမ်ရာမှာ တရားအားထုတ်ကြရသည်။ အကြောင်းမူ မျက်စိကိုပိတ်ထားခြင်းဖြင့် မျက်စိရှေ့ရောက်လာသည့် အဆင်းအာရုံမြင်ကွင်းကို တားမြစ်လိုက်သည်။ ဆိတ်ငြိမ်ရာရှာရခြင်းမှာမူ မိမိတို့ တရားအားထုတ်သည့် နည်းများသည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ခြောက်နှစ်ကြာ ဒုက္ကရစရိယာ အားထုတ် စဉ်ကလို မိမိလက်ဖြင့် နာနှင့်မျက်စိ၊ နှာခေါင်းပေါက်တို့ကို ပိတ်၍ ကျင့်သည်မဟုတ်ပေ။ (သို့မဟုတ်) ဟိန္ဒူယောဂကျင့်စဉ်ကဲ့သို့ လက်မနှစ်ခုဖြင့် နားနှစ်ဖက်၊ လက်ညှိုး၊ လက်ခလယ်၊လေးခုဖြင့်မျက်စိနှစ်လုံး၊ လက်သူကြွယ်နှစ်ဖြင့် နှာခေါင်းနှစ်ပေါက်ကို ပိတ်၍ ပါးစပ်နှစ်ခုကို ခပ်တင်းတင်း လေမထွက်နိုင်အောင် စေ့ထားကာ ကျင့်ကြသည်မဟုတ်ပေ။ မျက်စိနှစ်ဖက်ကိုသာ လက်မပါဘဲ အလိုမလျောက် သာမန်အနေအထား ဖြင့် ပိတ်ထားကာ နားနှင့် နှာခေါင်းကိုမူ ဖွင့်ထားကြသည်။ အကယ်၍ ဆူညံ့သည့် နေရာတွင် အားထုတ်ပါက ဖွင့်ထားသည့်နားမှ အသံများ ဝင်ရောက်လာသဖြင့် ကြားသိစိတ်ဖြစ်စဉ်များ ပေါ်ပေါက်လာကာ အတွင်း သိစိတ်က မထိန်းသိမ်းနိုင်တော့ဘဲ အပြင်သိစိတ်နောက်သို့ စိတ်ရေစီးကြောင်း(The current of Mind) အတိုင်း စီးဆင်းလိုက်ပါလျက် ထားသည့်နေရာတွင် စိတ်က မနေတော့သဖြင့် တည်ငြိမ်မှု(Concentrate) ပျက်ကာ သတိလက်လွတ်ဖြစ်ရလေသည်။ သမာဓိ (Concentration) မဖြစ်နိုင်ဟု ဆိုရမည်ဖြစ်ပါသည်။
ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးရှိမှု
ရေဓါတ် လိုအပ်နေသော အချိန်များတွင် ရေသောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမို
အကျိုးရှိစေပါတယ်။ မနက်စောစော အိပ်ယာ ထထချင်းမှာ ရေနှစ်ခွက်လောက် ဆင့်သောက် ပေးခြင်းဖြင့် အတွင်း ကလီဇာတွေကို နိုးထ စေပါတယ်။ ရေမချိုးခင် ရေတခွက် သောက်ပေးခြင်းဟာ သွေးပေါင်ချိန်ကို ကျဆင်း စေပါတယ်။ အိပ်ယာ မဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးခြင်းဖြင့် လေသင်တုန်း ဖြတ်ခြင်း၊ နှလုံး ရုတ်တရက် ဖောက်ခြင်း စတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ ရေပမာဏ များစွာနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ဦးနှောက်မှာ ၇၄%၊ သွေးမှာ ၈၃%၊ ကြွက်သားမှာ ၇၅%၊ အရိုးမှာ ၂၂% စသည်ဖြင့် အသီးသီး ရေ ပါဝင်ဖွဲ့စည်းနေပါတယ်။ ရေဟာ ရောဂါ ကုသနိုင်တဲ့  စွမ်းအားပြင်းတဲ့ အရာတစ်ခုလို့ ကျွမ်းကျင်သူတွေက ဆိုထား ပါတယ်။
ရေသောက်ခြင်းဖြင့်ကျာက်ကပ်ကျာက်တည်ခြင်းကိုကာကွယ် ပေးနိုင်ပါတယ်။ ကျောက်ကပ် ကျောက်
တည်ခြင်းဟာ အများအားဖြင့် ရေ လုံလုံ လောက်လောက် မသောက်လို့ ဖြစ်ရတဲ့ ရောဂါ တစ်ခုပါ။ ရေဟာ ဆီးတွင်းမှာရှိတဲ့ ကျောက်တည် စေနိုင်တဲ့ အရာတွေကို ပျော်ဝင် သယ်ဆောင် သွားပေးတာကြောင့် တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် သောက်ပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။
ရေသောက်ခြင်းဖြင့်ဆီးလမ်းကြောင်းရာဂါကူးစက်မှုကိုသက်သာ စေနိုင်ပါတယ်။ ရေများများ သောက်လေ ဆီးများများ သွားလေ ဖြစ်တာကြောင့် ဆီးအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့ ပိုးတွေကို ထွက်သွား စေပါတယ်။
ဝမ်းလျှော ဝေဒနာသည်တွေ အတွက် ရေသောက်ခြင်းဖြင့် ရေဓါတ် ကုန်ဆုံးမှုကို တားဆီး ပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရာဂါအတွက်ရှးဦး သူနာပြုအနေနဲ့ အိမ်တွင်းဖြစ် ရေဓါတ် ပြန်ဖြည့်နိုင်တဲ့ ဖျော်ရည်ကို ကိုယ့်ဖာသာကိုယ် ပြုလုပ်လို့ ရပါတယ်။ ရေ တစ်ဖန်ခွက်ကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနဲ့ ရောစပ်ပြီး ဝင်သလောက် သောက်ပေးပါ။ ဒါဟာ ဆေးရုံက ပေးတဲ့ ဂလူးဂိုစ့်ရည်နဲ့ အတူတူပါပဲ။
ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား?????
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော
့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
အတွေးအမြင် စာစုများ
"အတွေးအမြင် (၁) "
လူတစ်ယောက်ရဲ့ အပြုအမှုဟာ သူရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုသလို.... သူ့စကားလုံးတွေကလည်း သူ့ရဲ့ အဆင့်အတန်းကို ပုံဖေါ်ပေးလေ့ ရှိပါ တယ်....။
"အတွေးအမြင် (၂)"
ရုပ်ကို ခွဲစိတ်ပြုပြင်ပြီး အလှဖန်တီးနိုင်သလို....စိတ်ကိုလည်း ခွဲခြမ်း စိတ်ဖြာပြီး အကျင့်စရိုက်ကို လှပအောင် ဖန်တီးယူနိုင်ပါတယ်...။
"အတွေးအမြင် (၃)"
လူအများစုက မှန်ကြည့်ပြီး ကိုယ့်ကိုကိုယ် လှအောင်ပြင်ဆင်လေ့ရှိပေမယ့်....စိတ်ကို ဖတ်ပြီး လှအောင်ပြင်ဆင်တဲ့သူကတော့ ရှားပါတယ်...။
"အတွေးအမြင် (၄)"
ဘ၀မှာ မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်လူစားမျိုးတွေများစွာ ကြုံခဲ့၊ ဆုံခဲ့ဖူးပါတယ်.... သူတို့နဲ့ ဆက်ဆံရတာ နည်းနည်းလေးမှ အမှားအယွင်း အတိမ်းအစောင်းမခံပါဘူး... ကိုယ်တိုင် အစွန်းလွတ်ဖို့ လိုပါတယ်။
"အတွေးအမြင် (၅)"
ခြူသံပါအောင် ညည်းတွားတတ်တဲ့သူတွေတွေ့ရင် သူတို့အစား ပင်ပန်းပါဘိ... ညည်းတွားခြင်းဟာ ငိုကြွေးခြင်းမည်တယ် မဟုတ်ပါ လား.... အဲဒီလို ငိုကြွေးနေမယ့်အစား ခတ်မဆိတ်အိပ်နေတာကမှ ကိုယ့်အတွက် အကျိုးပိုရှိပါဦးမယ်... ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ အိပ်မက်လှလှမက်ခွင့်ရှိတယ်လေ...။
နော်ဝေနိုင်ငံမှ ရေလယ်ခေါင်ရွာ
နော်ဝေနိုင်ငံ မြောက်ပိုင်း Troms ပြည်နယ်ရှိ Hosoy အမည်ရ ကျွန်းစု ငယ်လေး ဖြစ်ပါတယ်။
Senja ဆိပ်ကမ်းမြို့ ငယ်ထဲ ပါဝင်ပေမယ့် ပင်လယ် ခြားထားပါတယ်။
ပေ ၉၈၀ ရှည်နဲ့ တံတားနဲ့ ဆက်သွယ် ထားပါတယ်။
ကျွန်းရဲ့  အကျယ်အဝန်းကတော့ မီတာ ၁၀၀၀ အရှည်၊ မီတာ ၅၀၀ အကျယ် ရှိပါတယ်။
Hosoy အမည်ရရွာမှာ ၂၀၀၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၂၃၂ ဦးပဲ နေထိုင်ပါတယ်။
ယနေ့ဆိုရင် ၂၇၅ ကျော် ၃၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
၁၉၅၀ ခုနှစ်က စလို့ စတင်တည်ထောင်ထားတဲ့ ကျွန်းစုလေး ဖြစ်ပါတယ်။
အဓိက အသက်မွေးဝမ်းကျောင်လုပ်ငန်းကတော့ တံငါ ဖြစ်ပြီး ကျွန်းပေါ်မှာ စားသောက်ဆိုင်၊
အဝတ်အထည်ဆိုင်၊ ကုန်စုံဆိုင်၊ စာသင်ကျောင်း၊ ငါး စက်ရုံ စုံစုံလင်လင် ရှိပါတယ်။
ရွာ တစ်ပတ် ပတ်ဖို့အတွက် ၅ မိနစ်မှ ၁၀ မိနစ်ပဲ ကြာတယ်လို့ ဆိုပါတယ်။
နော်ဝေနိုင်ငံရဲ့  ကမ္ဘာလှည့် ခရီးသွားများအား အဓိက ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေတယ် လို့ သိရပါတယ်။
----
 တက်တူး